ချစ်သော .... အညို Part - 21

14.7K 1.7K 44
                                    

Part - 21

               ချစ်သော .... အညို

                      👬 🏝 👬

ဒီနေ့တော့ မိုရ် , တို့ မြွေကျွန်းကို အလည်ထွက်လာခဲ့ပါသည် ။ အညို ကတစ်ခါမှ မရောက်ဘူးပေမယ့် မိုရ်  ကတော့ ကျောင်းတက်ရင်းနဲ့ ပိတ်ရက်တွေဆို ငွေဆောင်ကို ခဏခဏလာနေကျမို့ မြွေကျွန်းကိုလည်း ရောက်ဖူးနေပြီးသား ။ ဓာတ်ပုံရိုက်လို့ကောင်းတဲ့ ရှုခင်းလှလှလေးတွေကတော့ မိန်းကလေးတွေအကြိုက်ပေါ့ ။ ကိုယ်ကတော့ ပင်လယ်ထဲအထိ ထိုးထားတဲ့ တံတားလေးကို သိပ်သဘောကျတာ ။ပင်လယ်ကနေဖြတ်ပြီး တိုက်ခတ်လာတဲ့လေ အေးအေးလေးဟာ လူပင်ပန်း စိတ်ပင်ပန်းဖြစ်တာတွေကို ပြေပျောက်စေနိုင်တာ အမှန်ပဲမို့လား ။

တံတားပေါ်ကနေ ဘင်္ဂလားပင်လယ်အော်ရဲ့ အလှအပကိုခံစားရတာကလည်း သိပ်ပြီးတော့ သဘောကျစရာကောင်းတာကိုး ။ ကိုယ်က ပင်လယ် သားပီပီ ပင်လယ်ကိုချစ်တယ် ။ နေဝင်ချိန်တွေမှာ ပင်လယ်ထဲနေလုံးကြီးဝင်သွားတာကို တကူးတက စောင့်ကြည့်ရတာကိုလည်း ချစ်တယ် ။ အကုန်လုံးထက် ပိုပြီးချစ်တာကတော့ အညို့ ကိုပေါ့ ။

ပင်လယ်ကမ်းစပ်မှာ လမ်းလျှောက်ကျရင်း မိုရ်,
က -----

" အညို "

မိုရ်, ခေါ်လိုက်တာကြောင့် လှည့်ကြည့်လိုက်ရင်း ----

" ဘာပြောချင်လို့လဲ မိုရ် "

" အညို က ပင်လယ်ဒေသမှာမွေးပေမယ့်
မြို့မှာကြီးရတာမဟုတ်လား ၊ အညို ပင်လယ်ကိုချစ်
လားဟင် "

အညိုက ချက်ချင်းကိုခေါင်းညှိမ်ပြလာပြီး ----

" ချစ်တာပေါ့ ကိုယ်က ရေပျော်လေ အဲဒါ
ကြောင့်  သင်္ဘောသားလုပ်ခဲ့တာ "

" ကျွန်တော်လည်း ပင်လယ်တွေကိုချစ်တယ်
ပင်လယ်ထဲကို နေလုံးကြီးဝင်သွားတာကို စောင့်ကြည့်ရတာ တကယ်ကြိုက်တာ ၊ ဒါပေမယ့်လေ
ဘာတွေကို ဘယ်လိုကြိုက်ကြိုက် အညို့ ကို ကြိုက်တာကိုတော့ မမှီဘူးရယ် ၊ အညို့ , ကိုတော့
အကြိုက်ဆုံးပဲ ၊ လူတွေ တော်တော်များများ
ပြောကျတာ ကြားဖူးတယ် ၊ ပင်လယ်ကြီးက
လှလိုက်တာတဲ့ ၊ ကျွန်တော့်တစ်ယောက်ထဲအတွက်ဆိုရင်တော့လေ ကျွန်တော့်ဘေးနားမှာ အညို
ရှိနေတာလောက်  ဘယ်အရာက ပိုမလှနိုင်ပါဘူး
ဗျာ "

ချစ်သော .... အညို # ချစ်သော ... အညိဳ (Completed) Where stories live. Discover now