Part - 3
ချစ်သော .... အညို
👬 🏝 👬
အရှိန်နဲ့ လိမ့်ကျရာကနေ အပင်ခြေရင်းမှာ နှစ်
ယောက်သား ရပ်တန့်သွားပါသည် ။ လေးငါး
ဆယ်ပတ်မက လိမ့်ပြီးမှရပ်တန့်သွားတာမို့ ခေါင်း
ထဲမှာ မူးသွားတာကြောင့် ချက်ချင်းမထနိုင်သေး ။ ခွန်, ကတော့ စိတ်တိုနေတာကြောင့် လဲနေရာက
နေ ကုန်းထလိုက်ရင်း ငဂျစ်ကောင်ကိုလည်း
အင်္ကျီကော်လံစကနေကိုင်ကာ ဆွဲထူလိုက်သည် ။ငဂျစ်ကောင်ကတော့ ကိုယ့် လက်ထဲကနေ ပြန်ရုန်း
ထွက်လိုက်ရင်း -----" အာ! !!! ဖြေးဖြေးလုပ်ပါဗျာ ခေါင်းထဲမူးရတဲ့
ကြားထဲ "သူကတစ်ပြန် ကိုယ့်ကိုစိတ်တိုသလို ပြောလာတာကြောင့် ---
" အော်ဟော်! !!! ကျေးဇူးရှင် မင်းက ခေါင်ပဲမူး
တာလား ၊ ငါကတော့ ခေါင်တောင်ကွဲသွားပြီလား
မသိဘူး ၊ ရွာကိုစရောက်ထဲက မင်းငါ့ကို ဒုက္ခ
ပေးတာများနေပြီနော် ၊ နောက်ဆို ငါနဲ့ ဝေးဝေး
နေ ၊ မင်းကိုငါ တော်တော်ကြီး သည်းခံနေတာ အကောင်းမှတ်မနေနဲ့ "ကိုယ့်စကားဆုံးတာနဲ့ တဖက်ကကောင်က ရှုံ့မဲ့ပြလာရင်း ----
" ခင်ဗျား ခေါင်းကွဲ မကွဲမသိပေမယ့် ကျုပ်လက်
ကတော့ အရိုးကျိုးပြီထင်တယ် ၊ နာလိုက်တာ
ဆိုတာမှ ၊ နောက်ပြီး ခင်ဗျားကပဲ ကျွန်တော့်
ကို သည်းခံတယ်ရှိသေး ၊ ရွာရောက်ရောက်ချင်း
ခင်ဗျားအဝတ်ထုတ် ထမ်းပေးတာ ကျွန်တော်ပါ ၊ အခုလည်း ကျွန်တော် ကြောက်ပါတယ်ပြောထားတာကို ခင်ဗျားကလာစတာလေ ၊ ကျွန်တော်
ပြန်စတော့မှ စိတ်ဆိုးတယ်တဲ့လား ၊ ငါးဖယ်
က ငါးဘတ်ကို အရိုးများတယ် လာလုပ်နေသေး
ခင်ဗျားကလေ လိပ်မျိုးသိလား "" ဘာ! !!! ဘာမျိုး! !!!
" လိမ်မျိုးလို့ပြောတာ ၊ကိုယ့်ဘက်ပဲ ကိုယ်ယက်
တဲ့ လိပ်အကြီးစား ကမ္ဘာလိပ် "" တော်ပြီ တော်ပြီ ၊ ငါမင်းနဲ့ စကားဆက်မ
ပြောတော့ဘူး ၊သွားတော့မယ် "ပြောပြီးတာနဲ့ လှည့်ထွက်လာပေမယ့်
ငဂျစ်ကောင်က အနောက်ကနေ လှမ်းဆွဲလိုက်တာ
မို့ နောက်ကိုပြန်လှည့်ကြည့်လိုက်ရင်း -----
YOU ARE READING
ချစ်သော .... အညို # ချစ်သော ... အညိဳ (Completed)