Part-19

461 33 26
                                    

Unicode...

သူတို့တောထဲသို့ရောက်သောအခါ စခန်းချရန်နေရာတစ်ခုရွေးချယ်ပြီး ရွက်ဖျင်တဲများထိုးလိုက်လေသည်။

ရှိုင်းထက်ပြောမိသည်။

"Tentကသုံးလုံးရှိတာဆိုတော့ ငါရယ်လပြည့်ရယ်တစ်လုံးနေမယ်။မင်းတို့ကောင်တွေက နောက်၂လုံးကိုကိုယ့်အချင်းချင်း တွဲနေလိုက် အဆင်ပြေတယ်မလား"

ထို့နှင့်ရှိုင်းထက်နှင့်လပြည့်တို့ကတစ်တွဲ၊လင်းခန့်နှင့်ဟိန်းထက်တို့ကတစ်တွဲတွဲပြီး ကျန်၂ယောက်ကတစ်တွဲတွဲလိုက်ကြလေသည်။ထို့နောက် သူတို့ပစ္စည်းတွေနေရာချအပြီးတွင် ပတ်ဝန်းကျင်အားပတ်ကြည့်လေတော့သည်။သူတို့နေရာနှင့် မလှမ်းမကမ်းမှာ စမ်းချောင်းလေးတစ်ခုရှိလေသည်။ထို့အတွက်သူတို့ရေချိုးရန်မပူရတော့ပေ။

ညနေစောင်းရောက်သောအခါ မီးပုံလေးတစ်ခုပြုလုပ်ပြီး သူတို့အားလုံးမီးပုံဘေးတွင်ဝိုင်းထိုင်နေကြလေသည်။ညနေတုန်းကလင်းခန့်တို့သွားဖမ်းလာသောငါးအား ထိုမီးပုံတွင်ကင်ထားလေသည်။ရှိုင်းထက်မှလင်းခန့်အားလိုက်စနေသောစကားသံတို့ကလဲပျံ့လွင့်နေလေသည်။

"လင်းခန့်...ဖြူဖွေးကမင်းကိုကြိုက်နေတာမှတ်မိသေးလား?"

"ဟာ...ဘယ်ကဖြူဖွေးလဲ?"

"ဘယ်သူရှိရမှာလဲ...မင်းငယ်ငယ်က သွားသွားနမ်းနေတဲ့ ကောင်မလေးလေ"

"ဟာ..ကိုကြီးကလဲ အဲ့တာငယ်ငယ်ကလေ ဘယ်မှတ်မိမှာလဲ"

"မင်းမမှတ်မိတာတော့ငါမသိဘူး..ဟိုတစ်နေ့က ဖြူဖွေးနဲ့အမှတ်မထင်တွေ့လိုက်လို့ မင်းကိုမေးနေသေးတာ။သူကလေ ငယ်ငယ်ကထက် အသားနည်းနည်းပိုမဲ...အဲ..ပိုညိုလာတယ်သိလား haha"

"ဟာဗျာ တော်ပါတော့"

ထိုအခါ လင်းခန့်၏သူငယ််ချင်းများမှလည်း ဝင်ပြောလာလေသည်။

"ဒါဆို လင်းခန့်ကငယ်ငယ်ထဲက စွံခဲ့တာပေါ့"

ရှိုင်းထက်သည်လည်း အားတက်သရောပြန်ပြောလိုက်သည်။

"အမလေးငါ့ညီတို့ လင်းခန့်စွံချက်ကမပြောနဲ့ သူငယ်ငယ်ကလေ..@%$#@%"

ကမ္ဘာမြေအဆုံးထိ....♥(ကမာၻေျမအဆုံးထိ....♥)《Completed》Where stories live. Discover now