Part-34

588 30 38
                                    

Unicode...

"ကိုကို...နဒီ မန္တလေးပြန်တော့မယ်"

နဒီ့စကားကြောင့် လပြည့်ပြောမိသည်။

"ပြန်တော့မလို့လား နဒီ"

"အင်း"

ခဏအကြာ လပြည့်နဒီ့အားထပ်ပြောမိသည်။

"နဒီ...ကိုကို့မှာနဒီ့ကိုပြောစရာရှိတယ်"

"အရေးမကြီးရင်နောက်မှပြောပါလားကိုကိုရယ်။အခုနဒီဗိုက်ဆာနေလို့ မုန့်သွားစားကြရအောင်...နော်..နော်လို့"

"အင်းပါ..."

လပြည့်လည်း ထိုစကားအားနဒီ့ကိုပြောချင်ပေမယ့်လည်း သူ့အနေနှင့်ဘယ်ကစပြောရမလဲမသိသလို အချိန်လည်းနည်းနည်းလောက်ဖြစ်ဖြစ်ယူချင်သေးသည်မို့ နောက်မှပြောရန်ဆုံးဖြတ်လိုက်သည်။

သို့ပေသည့် နောက်တစ်နေ့မနက်တွင် နဒီမှသူ့အားဘာမှမပြောဘဲ မန္တလေးသို့ပြန်သွားကြောင်းသိလိုက်ရသည်။သူ့စိတ်ထဲတစ်ခုခုထူးဆန်းနေသည်ဟုခံစားရသည်။ဘယ်အရာက ထူးဆန်းနေမှန်းလည်း သူလည်းမသိတော့ပေ။

***********************

ရုံးခန်းထဲတွင် ဟိန်းထက်သူမှာထားသည့်လက်စွပ်ဘူးလေးအားဖွင့်ကြည့်နေမိသည်။

"ပြည့်...ပြည့်ရဲ့မွေးနေ့မှာ...မောင့်အချစ်တွေနဲ့အတူ..ပြည့်ကိုလက်ထပ်ခွင့်တောင်းဖို့စီစဥ်ထားတယ်"

ထိုအတွေးနှင့်ပြုံးမိတုန်း ဖုန်းဝင်လာသည့်အတွက်ကိုင်လိုက်သည်။

"ဟယ်လို"

"ဟယ်လို...မောင်"

"အင်း...ပြည့်"

"တွေ့ရအောင်"

လပြည့်ဘက်မှတွေ့ရအောင်ဟုအရင်ပြောလာသည့်အတွက် ဟိန်းထက်ပြုံးမိသည်။

"အင်း...မောင်ဆိုင်လာခဲ့မယ်"

ဟိန်းထက်ထိုသို့ပြောကာ ဆိုင်သို့သွားလိုက်သည်။ဆိုင်ထဲတွင်သူ့အားပြည့်က စောင့်နေဟန်ရသည်။

"ပြည့်...နေမကောင်းဘူးလား?"

ဟိန်းထက် မျက်နှာပုံစံနွမ်းလျနေသောလပြည့်ကြောင့်မေးမိလိုက်ခြင်းပင်။

ကမ္ဘာမြေအဆုံးထိ....♥(ကမာၻေျမအဆုံးထိ....♥)《Completed》Where stories live. Discover now