~အခန်း ၃~ ဂိုဏ်းတစ်ဂိုဏ်းသို့ ဝင်လိုက်ခြင်း

1.2K 246 5
                                    

{ Unicode }

ဟွမ်ဟော်ဂိုဏ်းက မဟုတ်တရုတ်ကျင့်စဉ်တွေ ကျင့်နေတာတော့ မဟုတ်ဘူးမလား

~~~~~

ရန်ဟော်တောင်သည် ထိုကုန်းမြေတိုက်၏ တောင်ဘက်စွန်းပိုင်းတွင်ရှိနေသဖြင့် အဖြူရောင်ကျင့်ကြံရေးဂိုဏ်းများနှင့်ရော မှော်နက်လမ်းစဉ်ကျင့်ကြံသူများ စုဝေးကြလေ့ရှိသည့်နေရာနှင့်ပါ တော်တော်လေးဝေးကွာပေသည်။

မော့ထျန်းလျောင်သည် ဤနေရာ၌ သူအလိုက်ခံရစဉ်က ကိစ္စများကို ပြန်စဉ်းစားမိသည်။ ထိုနေရာသို့ရောက်ရှိရန် သူ၏ ပထမတန်းစား လှေပျံကို ရက်သုံးဆယ်ပင်စီးခဲ့ရသည်။

သူက ခေါင်းကုတ်လိုက်ပြီး နောက်ပြန်လှည့်ကာ တောင်ပေါ်သို့ ပြန်တက်သွားသည်။ နှစ်ရာချီ မီးဂျင်ဆင်းအချို့ကို သွားတူးရန် ရည်ရွယ်ထားသည်ပင် ဖြစ်သည်။

ရန်‌ဟော်တောင်ခါးပန်းသည် သာမန်နှင့်မတူ ထူးခြားသည့် မြေမျက်နှာသွင်ပြင်ရှိ၏။ ဤနေရာတွင် များပြားလှသည့် ဆေးဖက်ဝင် အမယ်ပစ္စည်းများနှင့် ဝိဉာဉ်ဆေးပင်များစွာ ပေါက်ရောက်ကြသည်။ နှစ်ပေါင်းရာကျော် ဤတောင်တစ်ဝိုက် လေလွင့်နေစဉ်ကာလအတွင်းထိုနေရာရှိ အဖိုးတန်ပစ္စည်းများ၏ တည်နေရာတို့နှင့် ရင်းနှီးပြီးဖြစ်လေသည်။ သို့သည်တိုင် ဤနေရာတွင် အနှီအဖိုးတန်ပစ္စည်းများကို သူတစ်ပါးမလုယက်‌နိုင်ဟု အာမခံနိုင်ရန်အတွက် သူ့တွင်လုံလောက်သည့်စွမ်းအင် ရှိမနေခဲ့ပါချေ။ ထို့အပြင် အနှီအဖိုးတန်ပစ္စည်းများ လန်းဆန်းလတ်ဆတ်‌နေအောင် ထိန်းသိမ်းထားနိုင်မည့် နေရာလွတ်လည်း သူ့တွင်မရှိပါပေ။ ထို့ကြောင့် အဆင့်နိမ့်သည့် မီးဂျင်ဆင်းအချို့ကိုသာ လူတို့အားရောင်းချရန် တူးဖော်ရတော့သည်။

ထိုတောင်တန်းများမှ ထွက်လာ၍ နောက်ဆုံး၌ တောင်ခြေရှိ လူတို့၏ မြို့တစ်မြို့သို့ရောက်ရှိသွားခဲ့ရန် ရက်အနည်းငယ်ကြာအောင် လမ်းလျှောက်ခဲ့ရသည်။

ဟိုမှသည်မှ ပရဆေးပင်များနှင့် ဆေးဖက်ဝင်အမယ်ပစ္စည်းများကို ကုန်သွယ်‌ရောင်းချနေသည့် ကုန်သည်များရှိနေသဖြင့် ထိုမြို့သည်ကား သက်ဝင်လှုပ်ရှား လျက်ရှိနေလေ၏။

The White Cat's Divine Scratching Post ⟨⟨ Myanmar Translation ⟩⟩Where stories live. Discover now