~ အခန်း ၂၅ ~ အပင်များကို ပျိုးထောင်ခြင်း

602 111 6
                                    

{ UNICODE }

တကယ်ကြီးကို လိမ်ညာနေတာပဲ ဟု မော့ထျန်းလျောင်က ပြောလိုက်၏။

~~~~~

ဘယ်လိုဖြစ်နေမှန်းကို သိလိုက်ပြီးနောက်တွင်တော့ နှစ်ယောက်လုံးမှာ တစ်ချိန်တည်းမှာပင် အော်လိုက်ကြ၏။ ပိုင်လော်က ခုန်ထလိုက်ပြီးနောက် အဝတ်အစားတို့ကို ပြင်လိုက်ကာ ချောင်းဟန့်လိုက်သည်။

" ရှစ်တိ ... အထင်မလွဲပါနဲ့ ၊ ငါနဲ့ ရှစ်ရှုန်းက ... "

" တိုက်ခိုက်တာ ကျင့်နေတာ! "

" ငါ့ကြက်ပေါင် ခိုးသွားလို့! "

နှစ်ယောက်သားအသံက တစ်ချိန်တည်းမှာပင် ထွက်လာကြပြီး ၊ ယခုအခါတွင်တော့ အခြေအနေမှာ လုံးဝကို ကိုးရိုးကားယား ဖြစ်သွားသည်ပင်။

တစ်ယောက်ကို တစ်ယောက် စွေကြည့်လိုက်ကြ၏။ ကျိမော်က မြေကြီးပေါ်ကျနေသည့် ကြက်ပေါင်ကင်ကို ကောက်ယူလိုက်ပြီး ဖက်ရွက်တွင်ပေနေသည့်ဖုန်တို့ကို ခါလိုက်ကာ စတင်ထွက်သွားလေတော့သည်။ မော့ထျန်းလျောင် အနီးသို့ ဖြတ်လျှောက်သွားသည့်အခါတွင် တီးတိုးကပ်ပြောလိုက်၏။

" ပိုင်လော်က အခု အခြေနေမကောင်းဘူး။ သွားမရှုပ်မိစေနဲ့နော် ၊ သူက ခွေးလိုပဲ "

ဖျောင်း!

မြေခဲတစ်တုံးက နောက်စေ့ကို အတိအကျပင် လာမှန်‌လေသည်။ ထိုအရှိန်မှာ ကျိမော်ပင် ယိုင်တိုင်တိုင်ဖြစ်သွားပြီး နောက်ပြန်လှည့်၍ ပြန်ဆော်ခါနီးပင်။ သို့သော်လည်း နောက်ဆုံးတွင်တော့ နောက်လှည့်မကြည့်ဘဲ သုတ်သုတ် သုတ်သုတ်ဖြင့်ပင် အဝေးသို့ ထွက်သွားလေတော့၏။

မော့ထျန်းလျောင်က နှုတ်ခမ်းတို့ကို ‌စူလိုက်ပြီး ပိုင်လော်ကို လှည့်ကြည့်လာသည်။ လွန်ခဲ့သည့်စက္ကန့်အနည်းငယ်ကပင် ရန်လိုနေသည့် ပိုင်ရှစ်ရှုန်းမှာ ယခုတွင်တော့ ဓားသွားမြက်နံဘေးတွင် ကျုံ့ကျုံ့ကလေးထိုင်နေပြီး ဝမ်းနည်းသည့် မျက်နှာကြီးနှင့် အရွက်နတ္ထိဖြစ်နေသော အနှီသိဒ္ဓိမြက်ကို ကြည့်နေပေ၏။

The White Cat's Divine Scratching Post ⟨⟨ Myanmar Translation ⟩⟩Where stories live. Discover now