အပိုင်း(၃)

2.2K 195 26
                                    

*ဘေဘီ့ဆီ ခနသွားချင်တယ် ဖေဖေ*

ပိုးလုံး လက်တွေကို ဆွဲလှုပ်ကာ ပူဆာလာသည့် သားသားဖြစ်သည်။ ကျောင်းချိန်က နီးနေပြီမို့ ရှေးရှေးဆီသွားခိုင်းလို့မဖြစ်။ အရင်ကဆို ရှေးရှေးက မနက်တိုင်း အိမ်လည်လာကာ သားသားကျောင်းသွားမှ ပြန်သွားလေ့ရှိသည်။

ဒီမနက်ကျရောက်မလာခဲ့ပေ။ သားသားကလဲ မြင်နေကြ ရှေးရှေးကို မမြင်ရတော့ ဂျီချင်နေသည်။ ပိုးလုံး မျက်နှာကို တည်ကာ

*မရဘူး သားသား။ ကျောင်းချိန်နီးနေပြီ။ ဒီနေ့ ကျောင်းကားနဲ့ လိုက်ရမှာနော်*

*ဖေဖေကလဲ ဘေဘီ့ကိုမှ သားနှုတ်မဆက်ခဲ့ရတာ*

ပိုးလုံး သားသား၏ နက်ခ်တိုင်ကို ချည်ပေးနေရင်း ‌ကြည့်လိုက်သည်။ ဆူပုတ်နေသည့် သားသားက သူအလိုမကျလျှင် အမြဲဂျစ်ကန်ကန်လုပ်ချင်သည်။

သူ့အဖေဇာတိကို လိုက်နိုင်လွန်းသည်။ ပိုးလုံး သားသားကို ဒီအသက်အရွယ်ထိ ထိန်းကျောင်းခဲ့ပေမယ့် ငဆိုးကောင်လေး၏ အကျင့်မှန်သမျှက ပိုးလုံးနဲ့မတူပဲ ဦးအထင်ကရနှင့် သွားသွားတူနေတတ်သည်။

*ညနေပြန်ရောက်ရင် နှုတ်ဆက်လို့ရတာပဲကို။ လာ ကျောပိုးအိတ်ထဲ အချိန်ဇယားတွေ ညကထဲက တိုက်ပြီးသားမလား*

မတုန်မလှုပ်နှင့် ရပ်နေသည့် သားသားက ပိုးလုံးကို ဆန့်ကျင်နေကြောင်း ဆန္ဒပြနေသည်။ ပိုးလုံး အရင်ကဆို သားသားကို ချော့မိမည်ဖြစ်ပေမယ့် မနေ့က ဟိုလူ၏ပိုးလုံးအပေါ် အပြုအမူကြောင့် သားသားကို ထိုလိုမဖြစ်စေရန် သေချာ ဆုံးမပေးရမည်။

*ကောင်းမြတ်သော ဖေဖေမေးနေတယ်လေ*

ပိုးလုံး အော်လိုက်မှဆူပုတ်ပုတ်နှင့် ပိုးလုံးကို ကြည့်လာကာ

*ပြီးပါပြီ*

*ပြီးရင် ကျောပိုးအိတ်ယူတော့။ အပြင်မှာ ဖေဖေနဲ့အတူ ကျောင်းကားစောင့်မယ်*

ကျောင်းကားက ပိုးလုံးတို့ ရပ်ကွက်၏ လမ်းသွယ်လေးထိလာခေါ်ပေးသည်မို့ အိမ်ရှေ့က ထွက်စောင့်နေရုံပင်။

ပိုးလုံးလဲ သားသား ထမင်းခြင်းထဲကို မုန့်ဗူးနဲ့အခြားမုန့်တွေ ထည့်ပေးကာ သူကိုယ်တိုင်လဲ အလုပ်သွားဖို့ တစ်ခါထဲ ပြင်ဆင်လိုက်ရသည်။ အရင်ကတော့ ဦးလေးရန်ရှင်းဆီမှာမို့ သားသားကို ကျောင်းဝင်ပို့ပြီးမှအလုပ်သွားလဲ ဖြစ်သည်။

မူပိုင်ရှင်Where stories live. Discover now