အပိုင်း(၈)

3.5K 193 48
                                    

ဖေဖေနဲ့မေမေနား ပိုးလုံးဝင်ထိုင်ကာ tvက လာသည့်သတင်းတွေကို အတူတူ ထိုင်ကြည့်နေ၏။ အစကထဲက ဂိမ်းတွေဆော့ရတာ၊ဖုန်းအကြာကြီး သုံးရတာကို သဘောမကျသည့်အတွတ် ပိုးလုံးမှာ အခုလိုပင် ဖေဖေတို့နှင့် သတင်းတွေ ထိုင်ကြည့်ဖြစ်သည်။

ပိုးလုံးက လူငယ်ဆိုပေမယ့် အခြားသူတွေနှင့်မတူ။ စာအုပ်ဖတ်ရတာ၊ ဟောပြောပွဲတွေ နားထောင်ရတာကို အတော်သဘောကျသည်။ ဆိုင်တွေထိုင်တာထက် အိမ်ထဲမှာပဲ နေရတာကို ပိုသဘောကျသည်။

*သား မနက်ဖြန် ဘယ်သွားစရာရှိလဲကွ*

*မရှိပါဘူး ဖေဖေ*

*အေးကွာ..အဲ့တာဆို ဖေဖေတို့နဲ့ မနက်ဖြန်ညကျရင် ပွဲလိုက်တက်ပေးပါအုံး။ မောင်အထင်ကရ အဖေပြန်ရောက်တဲ့ အနေနဲ့ ဒင်နာပွဲဖိတ်ထားလို့။ တစ်အိမ်လုံး လာဖို့ ပြောထားတော့ သားမပါလို့ မကောင်းဘူးလေ*

ပိုးလုံး လူကြီးကို အဖြေပေးပြီးသည့်နောက်ပိုင်း လူကြီးနဲ့ မတွေ့ဖြစ်တာ အတော်ပင်ကြာနေလေပြီ။ လူကြီးဘက်က စပြီးမဆက်သွယ်သလို ပိုးလုံးကလဲ မဆက်သွယ်မိ။

လူကြီးက အလုပ်လုပ်နေရတဲ့သူဆိုတော့ မအားမည်စိုး၍ ပိုးလုံး အရင်မဆက်သွယ်မိခြင်း ဖြစ်သည်။ အခု လူကြီးတို့အိမ် လိုက်ရမည်ဆိုတော့ ပိုးလုံး စိတ်ထဲ ပျော်သလိုလို။

*ဟုတ်ကဲ့ ဖေဖေ*

ဖေဖေက ပိုးလုံးကို ရယ်ပြပြီး သတင်း ပြန်ကြည့်နေလေသည်။ ပိုးလုံး ဘေးနားက မေမေ့လက်မောင်းကို ခေါင်းလေးတင်လိုက်တော့ မေမေက ပိုးလုံး၏ ဆံပင်လေးတွေကို အသာအယာ ဖိပွတ်ပေးလာရင်း သတင်းကြည့်နေလေသည်။

ပိုးလုံးတွေးနေသည်က ပိုးလုံးနှင့် လူကြီး တွဲနေသည်ဆိုတာကို မေမေတို့သိရင် ဘယ်လိုနေမလဲဆိုတာပင်။ ပိုးလုံး ကြောက်သည်က မေမေတို့ သဘောမတူမှာကိုပင်။ သားလိမ္မာမဟုတ်ရင်တောင် မိဘကို စိတ်ဆင်းရင်အောင် လုပ်သည့်သားထဲ ပိုးလုံး မပါချင်။

ဖေဖေနှင့်မေမေက သဘောမတူဘူးဆိုလျှင် ပိုးလုံး လူကြီးကို အဆက်အသွယ် ဖြတ်မိလိမ့်မည်။ ပိုးလုံး တွေးနေရင်း မေမေ့ကို မော့ကြည့်လိုက်တော့ ပကတိ အေးချမ်းနေသည့် မေမေ့ မျက်နှာလေးကြောင့် ပိုးလုံး မေမေ့ခါးကို တင်းကြပ်စွာ ဖက်လိုက်သည်။

မူပိုင်ရှင်Tempat cerita menjadi hidup. Temukan sekarang