Episode 11

293 40 0
                                    


RenJun ထိုသူရဲ့ မဲ့ပြုံးပြုံးပြမှုကို မျက်လုံးထဲ မြင်ယောင်နေမိသလို အိမ်မက်ထဲက စကားပြောတဲ့သူရဲ့ အသံကိုလည်း ကြားယောင်နေမိသည်။

RenJun ဒန်းပေါ် ပြန်ထိုင်လိုက်ပြီး bakery ဆိုင်မှာ ဆုံဖူးတဲ့ ထိုသူရဲ့အသံကို ပြန်ကြားယောင်လာသည်။ ထိုသူရဲ့ အသံနဲ့ အိမ်မက်ထဲက လူရဲ့ အသံက တူနေသည်။

အိမ်မက်ထဲကလူရဲ့ မျက်နှာကိုသာ သေချာမြင်ရမယ်ဆို ထိုသူသာ ဖြစ်မည်။ ထိုသူက ဘာကြောင့် သူနဲ့ Jaemin ကို ဖြတ်ခိုင်းရတာလဲ။ ထိုသူကရော ဘာကြောင့် အပြင်တင်မက အိမ်မက်ထဲထိပါ လိုက်နှောင့်ယှက်နိုင်ရတာလဲ။

RenJun တွေးမိရင်း ကြောက်ရွံ့လာမိသည်။ ထိုလူရဲ့ မဲ့ပြုံးပြုံးပြတဲ့ ပုံရိပ်နဲ့ အိမ်မက်ထဲက စကားသံတွေသာ ကြားယောင်ပြီး မြင်ယောင်နေမိသည်။ Jaemin ကို ပြောပြလိုက်ရင် ကောင်းမည်ဟု RenJun တွေးမိရင်း ဖုန်းဆက်လိုက်သည်။

ဖုန်းဝင်သော်လည်း မကိုင်တဲ့ Jaemin ကိုလည်း RenJun စိတ်ပူလာမိသည်။ တစ်နေ့လည်လုံး ဖုန်းစက်ပိတ်ထားပြီး ဖုန်းပြန်ဖွင့်တော့လည်း ဖုန်းမကိုင်တဲ့ Jaemin ကို RenJun စိတ်တိုသလို စိတ်လည်းပူနေမိသည်။

RenJun ရဲ့ mama အော်ခေါ်မှုကြောင့် RenJun အိမ်ထဲ ပြန်ဝင်လာခဲ့သည်။ နေသိပ်မကောင်းသေးတာမို့ ညနေစာအနေနဲ့ ဆန်ပြုတ်ကိုသာ ထပ်စားပြီး ဆေးသောက်ကာ အပေါ်ထပ်ကို ပြန်တက်လာခဲ့သည်။

'Papa ဧည့်သည်လာရင် သားမတွေ့တော့ဘူးနော် mama'

'အင်း ဖုန်းလည်းသိပ်မကြည့်နဲ့ Xiao Ren စောစောလည်းအိပ်နော်'

'ဟုတ် mama'

RenJun, mama ကို ပြောပြီးတာနဲ့ အခန်းထဲသို့သာ ပြန်ဝင်လာခဲ့သည်။ လက်ထဲက ဖုန်းက ပြန်ခေါ်ဖို့မပြောနဲ့ message တောင် မဝင်သည်မို့ RenJun ပိုပြီး စိတ်ပူလာမိသည်။ ဖုန်းပြောဖို့ မအားရင်တောင် စာပို့တတ်သူက အခုတော့ ဖုန်းလည်းမခေါ် စာလည်းမပို့။

Renjun ကိုယ့်ကိုကိုယ် စိတ်ပူတာထက် Jaemin ကိုသာ စိတ်ပူနေမိသည်။ မကြာခင် တုန်ခါလာတဲ့ ဖုန်းကို အလောတကြီး ကောက်ကိုင်ကြည့်မိတော့ Jaemin ဆီက။

'Jaem ဘာလို့ ဖုန်းမကိုင်တာလဲ'

Renjun, Jaemin ဖုန်းကိုင်သည်နှင့် တစ်ဖက်က မပြောရသေးခင် ကြိုပြောလိုက်သည်။ ရုတ်တရက် ရှိုက်သံထွက်သွားတော့မှ ကိုယ့်ကိုကိုယ် ငိုနေမှန်း သတိထားမိသည်။

Sunbae [JaemRen]Where stories live. Discover now