Episode 13

298 35 3
                                    

RenJun, Jaemin ကို ဖက်လည်း မဖက်သလို Jaemin ဖက်ထားသည်ကိုလည်း ရုန်းမထွက်ဘဲ နေလိုက်သည်။

'သူနဲ့ ကိုနဲ့ လွန်ခဲ့တဲ့ နှစ်၅၀ကျော်လောက်က တွဲခဲ့ဖူးတယ်'

Jaemin ပြောတော့ RenJun, Jaemin ကို မော့ကြည့်လာသည်။

'တစ်နေ့မှာ သူ့ဘက်ကပဲ စပြီး ကိုယ့်ကို အဆက်အသွယ်ဖြတ်ပြီး ထွက်သွားခဲ့တယ်။'

'သူ ဘာကြောင့် ထွက်သွားမှန်းလဲ မသိသလို ဘယ်ကို ထွက်သွားမှန်းလဲ မသိခဲ့ဘူး'

'အဲ့ချိန်ကနေ ခုထိ လုံးဝကို အဆက်အသွယ်ပြတ်နေခဲ့တာ'

'Baby တရုတ်ကို ရောက်နေတဲ့အချိန် တစ်ရက်မှာမှ သူ ကိုယ့်စားသောက်ဆိုင်နား ရောက်လာတာကို တွေ့လိုက်ရတာ'

'သူ့ကိုယ့်ကို Baby ကို ဖြတ်ပြီး သူ့ဆီ ပြန်လာဖို့ ပြောတယ်'

'ကို သူ့ကို ငြင်းတယ်။ ကို ငြင်းတော့ အေးဆေး အသာတကြည်ပဲ ထွက်သွားတယ်'

'ဒါပေမယ့် Baby နေမကောင်း ဖြစ်လို့ ကိုယ် တရုတ်ကို ရောက်တော့မှ Baby ကို သူ ဒီလိုတွေ Babyကို လိုက်နှောင့်ယှက်မှန်း သိခဲ့ရတာ'

'ကိုယ် အဲ့ဒါ့ကြောင့် သူ့ကို မနှောင့်ယှက်ဖို့ တောင်းဆိုခဲ့တယ်။ သူ့ဘက်က ကို နဲ့ တွေ့ရင် အသာတကြည် ခေါင်းညိတ်ပေမယ့် တကယ်တမ်းမှာကျ Baby ကိုတော့ အနှောင့်အယှက်တွေ ပေးနေတုန်းပဲ'

'ကိုယ်မှားတာပါ။ ကိုယ် သူ့စကားကို လွယ်လွယ်နဲ့ မယုံသင့်ဘဲ Baby နား နေပေးရမှာ'

'ကိုယ် တောင်းပန်ပါတယ်'

"Jaem နဲ့ သူနဲ့ ပတ်သက်မှုက ဘယ်လောက်ထိ ရှိခဲ့တာလဲ Jaem။ ဒီမေးခွန်းကိုတော့ ကျွန်တော် သိလို့ရမလား"

'ကို နဲ့ သူနဲ့ တစ်နှစ်ကျော်လောက်တော့ တွဲဖြစ်ခဲ့တယ်။ သာမန် ရည်းစားဘဝလိုပါပဲ။ အမှန်တိုင်း ပြောရရင် သူက ကို ရဲ့ အချစ်ဦး ပေါ့'

"သူကရော Jaem လိုမျိုး Vampire ပဲလား"

'အင်း ဟုတ်တယ်။ ကိုက vampire ကိုက်ခံရရင်းက ပြောင်းလဲခဲ့တာ ဆိုပေမယ့် သူက vampire တွေဆီက မွေးဖွားလာတာ'

"ဘာလို့ အရင်တည်းက ကျွန်တော့်ကို ဒီအကြောင်းတွေ မပြောပြခဲ့တာလဲ"

Sunbae [JaemRen]Where stories live. Discover now