Chapter 44

3.4K 693 15
                                    

[Unicode]

နှစ်​ယောက်သား ပြိုင်တူကြည့်ကြည့်လိုက်​သောအခါ၊ ​ယောကျာ်းနှစ်​ယောက် လမ်းကြားအဝ၌ပေါ်လာသည်ကို​ တွေ့လိုက်ရသည်။ ၄င်းတို့ထဲမှ အရပ်မြင့်သည့်ထိုလူမှာ၊ သူတို့ CCTV မှမြင်ခဲ့ရသည့် ဟူဒီ​ခေါင်းစွပ်နှင့်လူ၏ကိုယ်ဟန်အ​နေအထားနှင့်ဆင်ပေသည်။

ချိုက်ခြံ၏အသံသည် ​ဝေါ်ကီ​တော်ကီမှထွက်လာခဲ့သည် :

" ငါ-ိုး၊ ငါထွက်သွားတာမှ နှစ်မိနစ်ပဲရှိ​သေးတယ်။ "

ကုံးရင့်ရှန်က ​ပြောသည် :

" သူတို့ လမ်း​ဘေးကအမှိုက်ပုံးနား​ရောက်သွားတာကို ​စောင့်ပြီး၊ ကျွန်​တော်တို့ အ​ရှေ့နဲ့အ​နောက်က​နေပြီး​တော့ ညှပ်တိုက်မယ်။ အတတ်နိုင်ဆုံး အ​နှောင့်အယှက်မဖြစ်စေကြနဲ့။ ချိုက်ခြံ၊ ခင်ဗျားက သူတို့ငှားထားတဲ့အခန်းကို တိုက်ရိုက်သွားပြီး​တော့၊ ဝရမ်း​ပြေးရှိမရှိကိုကြည့်ကြည့်လိုက်။ "

သူ​ပြောရင်းဖြင့်၊ တံခါးဖွင့်ပြီးကား​ပေါ်မှဆင်း​လေသည်။

ရန်ရိလည်း လိုက်ပြီးကားတံခါးဖွင့်လိုက်​သောအခါ၊ ကုံးရင့်ရှန်သည် ကားတံခါးအား လက်ပြန်နှင့်ခပ်ပြင်းပြင်းပိတ်ပစ်လိုက်သည် :

" မင်းက ကားထဲမှာ​စောင့်​နေ။ "

ရန်ရိတစ်​ယောက် အလွန်မ​ကျေနပ်စွာဖြင့်၊ ကားမှန်ချပြီး ​ပြော​လေသည် :

" ပြီးခဲ့တဲ့အ​ခေါက်တုန်းက ငါ မင်းကို ငါ့ရဲ့အလုပ်မှာ ပါဝင်ခွင့်​ပေးခဲ့​တယ်​လေ။ "

" အဲ့တာက မင်း ငါ့ကိုလာဖို့ခေါ်တာ​လေ၊ အခု ငါ မင်းကို ကားထဲမှာ​နေဖို့ တောင်းဆိုတယ်။ "

ကုံးရင့်ရှန်၏အမူအရာသည် အလွန်ခိုင်မာ​နေခဲ့ပြီး၊

" ဆင်းခွင့်မပြုဘူး။ "

ရန်ရိတစ်​ယောက် နှုတ်ခမ်းကိုမဲ့လိုက်သည်။

ကုံးရင့်ရှန်သည် နက်ခ်တိုင်ကို ပြင်လိုက်ပြီး၊ ကိုယ်ကိုလှည့်ကာ သံသယလူဆီသို့ သွား​လေသည်။

Van ကား​ပေါ်မှဆင်းလာသည့် အရပ်ဝတ်နှင့်လူနှစ်​ယောက်သည် တခြားတစ်ဖက်မှ​နေပြီး ချဥ်းကပ်ခဲ့ကြသည်။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now