မင်ရီတစ်ယောက် ချမ်းသာသော်လည်း ကိုယ့်အားကိုယ်ကိုးချင်သောစိတ်ကြောင့် မိဘတွေဆီခွင့်တောင်းပီး
အပြင်မှာ အချိန်ပိုင်းလုပ်ကာ ကိုယ့်ပိုက်ဆံကို ကျောင်းတက်ခဲ့တယ် ဒီလိုနဲ့ တစ်နေ့မှာတော့ အချိန်ပိုင်းအလုပ်က အပြန် နားကျပ်လေးတပ်ပီး သီးချင်းနားထောင်နေရင်း လမ်းကူးရာက
ကျီ ဒိန်း
သူဆီတည့်တည့်ဝင်လာသောကားကြောင့် သူဟာ
မြေပြင်ပေါ်လဲကျ ကာ သူနောက်ဆုံးကြားလိုက်ရတာကတော့
မင်းကြောင့်သာမဟုတ်ရင် သူ ငါ့ကိုပြန်ချစ်မှာပဲ
ဟား ဟား ဟား ဟား
ထို့နောက် မင်ရီဟာလဲ အမှောင်ထဲကျရောက်သွားလေတော့တယ်
သူသတိရလို့ မျက်လုံးဖွင့်တော့ စူးရှနေသောအလင်းရောင်ကြောင့် မျက်လုံးကိုလက်ဖြင့်ကာလိုက်ကာ
ငါဘယ်ရောက်နေတာလဲ ငါသေသွားပီလား
ကောင်းကင်ဘုံရောက်နေတာလား
ထိုစဉ် 'အဟမ်း အဟမ်း မင်းရောက်နေတာ သေခြင်း
ရှင်းခြင်း နယ်နိမိတ်ကြားထဲ ရောက်နေတာ '
မင်ရီတစ်ယောက် သူ့ရှေ့က ရှေးခတ်ဝတ်စုံတွေဝတ်ထားတဲ့ လူတစ်ယောက်ကို ကြည့်ပီး
"မင်းကဘယ်သူလဲ "
'ငါလား မိုးနတ်မင်းလေ မင်းကလူဘဝက မသေသင့်ပဲသေလာရတော့ မိုးနတ်မင်းဖြစ်တဲ့ ငါက အခွင့်အရေးပေးမလို့ '
*စောက်ကြီးစောက်ကျယ်နဲ့ *
'အတင်းတုတ်မနေနဲ့ ငါအကုန်ကြားတယ် '
"ပြောအဲ့တော့ ဘာအခွင့်အရေးလဲ"
'မိုးနတ်မင်းကိုပြန်ပြောရဲတာ နင်ပဲရှိတယ် ငါဖန်တီးထား ပုံရိပ်ကမ္ဘာအသီးသီးကိုသွားပီး မင်းလိုပဲ မတရားသေဆုံးခဲ့တဲ့ လူတွေရဲ့ကိုယ်ထဲဝင်ပီး သူ့တို့ရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးရမယ် ဆုပေးဒဏ်ပေးစနစ်ပဲ
အောင်မြင်ရင် နင်ဖြစ်ချင်တာတောင်းဆုပြုလို့ရမယ်
မအောင်မြင်ရင် ပြစ်ဒဏ်ကမ္ဘာမှာ အပြစ်ပေးခံရမယ်'
"okလေ ဒါဆိုလဲသွားကြတာပေါ့"
'ကူညီပေးမယ့်ပါတနာ ထည့်ပေးလိုက်မယ် 199'
ထိုနောက် အိုးနတ်မင်းဆိုသူကြီးပျောက်သွားကာ မင်ရီရှေ့တွင် ကြောင်ကလေးတစ်ကောင် ထွက်ပေါ်လာတယ်
[နိဟောင် host system199ပါ ]
"အင်း နင့်နာမည်က "
[system မှာ code ပဲ ရှိတယ် နာမည်မရှိဘူး]
"ဒါဆို ငါနာမည်ပေးမယ် အင်း🤔🤔 မင်လုံ"
[မင်လုံ အီးဟီး ]
"ဘာလို့ငိုနေတာတုန်း ငှက်ဆိုးထိုးသံနဲ့ မကြိုက်ရင်မယူနဲ့"
[host စုတ် systemက သဘောကြလို့ငိုတာကို
host ဒါဆို ကူးပြောင်းမှုစတင်ပါမယ် ]
0% 30% 50% 60% 90% 100%
ရုတ်တရက် သေလောက်အောင်နာကျင်မှုများနဲ့အတူ
မင်ရီတစ်ယောက် အမှောင်ထဲကျရောက်သွားလေတော့တယ်
systemတွေဖတ် အရူးထပီးကောက်ရေးလိုက်တယ်
အားပေးကြပါအုံး ဘဝဆယ်ခုလောက်ရေးဖို့စဉ်းစားထားပါတယ် ပုကြုရဲ့ အရေးအသားမကောင်းတာတွေ
ဘရုတ်ဒုက္ခနိုင်တာတွေကြောင့် ဖတ်ရအဆင်မပြေခဲ့ရင်
ကြိုတင်တောင်းပန်ပါတယ် ဒါပေမယ့် ပုကြုကတော့ ပုကြုရဲ့ဖန်တီးမှုလေးကို အားပေးတာတစ်ယောက်ပဲရှိတယ်ဆိုရငိတောင် အဆုံးထိရေးမှာပါ အို နောက်ဆုံး ဖတ်တဲ့သူတ်ယောက်မှ မရှိရင်တောင် ကိုယ့်ဘာသာရေးပီး ကိုယ့်ဘာသာဖတ်ပါမယ်
