Arc(4.1)

7.5K 468 1
                                        

[မှတ်ညဏ်တွေပို့လိုက်ပါပီနော် ]

အာ့  ဖြေးဖြေးသက်သာ လုပ်စမ်းပါ  အသေသတ်နေကြတာလား  မသိဘူး

ထို့နောက်   ဟွာရင်းရင်းခေါ်  မင်လုံရဲ့မှတ်ညဏ်တွေကို  ဖတ်ကြည့်လိုက်တယ် 

ဟွာရင်းရင်းဟာ  ထန်တိုင်ပြည်  အမတ်ချုပ်ကြီး  ဟွာရဲ့
တစ်ဦးတည်းသောသား  ထန်ဘုရင်  ထန်အန်းလော့ရဲ့ငယ်သာငယ်ချင်းဖြစ်တယ်   ဟွာရင်းရင်းဟာ  ငယ်စဉ်ထဲက
ထန်လော့အန်းကို   ချစ်ခင်စုံမက်ခဲ့တယ်   သို့သော်  သူငယ်ချင်းအဖြစ်နဲ့သာ  နေခဲ့တယ်    ဟွာရင်းရင်းဟာ  ထန်အန်းလော့ဆီက  ဂရုစိုက်မှု   အလေးပေးမှုတွေ  အားလုံးကိုရရှိခဲ့တယ်     ဇာတ်လိုက်မမပေါ်လာခင် အချိန်အထိပါ့

ဇာတ်လိုက်မနာမည်က  မုချင်းချင်း   သမားတော်တစ်ယောက်ဖြစ်ပီး   တောထဲမှာ လုပ်ကြံခံရပီး  သတိလစ်နေတဲ့
ထန်လော့အန်းနဲ့တွေ့ပီး  ကယ်တင်လိုက်တယ်   အဲ့မှာပဲ
ထန်အန်းလော့က  မုချင်းချင်းရဲ့   ကြာပန်းဖြူပုံစံလေးကိုချစ်မိသွားတော့တယ်

နောက်တော့  မုချင်းချင်းကို မိဖုရားအရာထားကာ  လက်ထပ်ထိမ်းမြားခဲ့တယ်   တကယ်တော့မုချင်းချင်းဟာ
သူ့ရဲ့ကြာပန်းဖြူ မျက်နှာလေးနဲ့မှမလိုက်   ကောက်ကျစ်ယုတ်မာတဲ့သူဖြစ်တယ်    ထန်လော့အန်းရဲ့   ဂရုစိုက်မှုကိုရတဲ့   ဟွာရင်းရင်းကို  အမျိုးမျိုးနှိပ်စက်ခဲ့တယ်
ှိပ်စက်လို့ရခြင်းအကြောင်းကတော့  ဟွာအမတ်ချုပ်ကြီး  ဆုံးပါးသွားတော့   ဟွာရင်းရင်းကိုစောင့်ရှောက်ပေးဖို့
မှာကြားခဲ့ခြင်းကြောင့် ထန်လော့အန်းဟာ  ဟွာရင်းရင်းကို
မယ်တော်ကြီးအမိန့်ဖြင့်  လက်ထပ်ခဲ့တာကြောင့်ဖြစ်တယ်

ထန်လော့အန်းမှာ   မုချင်းချင်း  ဟွာရင်းရင်း   
  အန်းလင်းမော့ဆိုပီး  မိဖုရားအပါအဝင်  ကိုယ်လုပ်တော်
အားလုံးပေါင်းသုံးယောက်သာရှိခဲ့တယ်

ထို့နောက် မယ်တော်ကြီးဟာ   အဆိပ်မိသေဆုံးသွားခဲ့တယ်    တရားခံကတော့   ဟွာရင်းရင်းဖြစ်ပီး  ကြံရာပါက
အန်းလင်းမော့ဖြစ်တယ်  ဒါနဲ့ပဲ  သူတို့နှစ်ယောက်ဟာ အဆိပ်ပေးသတ်ခံလိုက်ရတယ်   ဟွာရင်းရင်း  သေဆုံးသွားပေမယ့်   ချစ်သူကိုစိတ်မချနိုင်တဲ့စိတ်ကြောင့်
ဝိညာဉ်ဘဝနဲ့နေကာ   ချစ်သူကိုစောင့်ရှောက်ခဲ့တယ်

System199(with  unicode)Место, где живут истории. Откройте их для себя