blue dream

559 42 4
                                    

လင်း​နေတဲ့ရာသီဥတုက ချက်​ချင်းဆိုသလိုအုံ့မှိုင်းလာ၏။ ​တောက်​ပ​နေတဲ့ ​နေမင်းကြီးကို တိမ်​မဲ​တွေဖုံးလာသည်နှင့် ​​တပြိုင်​နက်​ ပတ်​ဝန်းကျင်ဆိုသည်မှာလဲ ​လွမ်း​ဆွေး​ဆွေးဖြစ်​လာသည်​။ မကြာပါ ​ဖျောက်​​ဖျောက်​​ဖျောက်​ဆိုတဲ့အသံနှင့်​အတူ မိုး​ပေါက်​စ​သေး​သေး​လေး​တွေက ခုံ​ပေါက်​ဆင်းသက်​လာ​လေ​တော့သည်​။ ထွက်​သစ်​စအဖူးအရွက်​​တွေ​​ပေါ်တွင်​ တင်​ကျန်​​နေသည့်​ မိုးစ​လေး​တွေက အစိမ်းနု​ရောင်​အရွက်​​လေး၏အ​ရောင်​ကို ပို​မို​ပေါ်လွင်​​စေသည်​။ အပြာရင့်​​ရောင်​ကိုမှ မီးခိုး​ရောင်​ဖုံးအုပ်​ထားသလို ပြာမှိုင်းမှိုင်းပတ်​ဝန်းကျင်​သည်​ အစိမ်းနု​ရောင်​ သစ်​ပင်​တို့နဲ့လိုက်​ဖက်​လွန်းလှပြီး ပန်းချီကားတစ်​ချပ်​နှယ်​ရှိ၏။

လက်ဝယ်​​ရထားခဲ့သည်​မှာ ၅နှစ်​​​ကျော်​ရှိပြီဖြစ်​သည့်​ မိုးပြာ​နု​ရောင်​ထီး​လေးကို​ဆောင်းရင်း မိုး​ပေါက်​​တွေကြား ဖြတ်​သန်းမိ၏။ အချိန်​​တွေဟာဘယ်​လိုပဲ​ပြောင်း​နေပါ​စေ ကိုယ်​က​တော့ အပြာ​ရောင်အိပ်မက်ဆိုတဲ့ ​​​အတိတ်​မှာပိတ်​မိ​နေတုန်းပါပဲဝန်းငယ်​...

...............................................

လွန်​ခဲ့​သော (၅)နှစ်ခန့်​...

နဂိုထဲက ပစ္စည်း​လေး​တွေကိုတန်​ဖိုးထားပြီး စည်းကမ်းရှိရှိအသုံးပြုတတ်​သူပီပီ အ​ဖေဖြစ်​သူဝယ်ပြီးထားေ​ပးခဲ့သည့်​ ​​နေဗွီပြာ​ရင့်ေ​ရာင်​ထီး​လေးကိုလဲ တရိုတ​သေအသုံးပြု​နေသည်မှာ ၂နှစ်​​ကျော်​ပြီဖြစ်​သည်​။ ဘာရယ်​မဟုတ်​ အ​ဖေက မြို့မှာ​​ကျောင်းတက်​​နေရတဲ့ကိုယ်​နဲ့​တွေ့ဖို့လာရင်းက မိုးရွာလာတာမလို့ ကြုံရာဆိုင်​​လေးက ဝယ်​လိုက်​သည့်​ထီး​လေးတစ်​လက်​...
အ​ဖေပြန်​သွားတဲ့အခါကျ ​ကိုယ်ေ​ဆာင်းဖို့ထား​ပေးခဲ့သည်​​လေ...
မိုးရွာ​နေတဲ့တစ်​ရက်​ စာကြည့်​တိုက်​ကို အ​ဖေ​ပေးသည့်​ ထီး​လေးကို​ဆောင်းရင်း လာခဲ့မိသည်​။ စာကြည့်​တိုက်​အဝမှာ မိုးပြာ​ရောင်​အင်္ကျီဝတ်​ထားတဲ့​ကောင်​​လေးတစ်​​ယောက်​က လက်​ပိုက်​ပြီး လက်​​မောင်း​လေး​တွေကိုပွတ်​​နေသည်​ကို​တွေ့ခဲ့ရ၏။ ​ခြေ​ထောက်​ကလဲ ဟိုဘက်​တစွစွ ဒီဘက်​တစွစွ တစ်​ခုခုကို​စောင့်​​နေသလိုလို အလျင်​လို​နေသလိုလိုဟန်​။ ကိုယ့်​ကိုလည်း ကြည့်​​နေပြီး တစ်​ခုခု​ပြောချင်​​နေသည်​မလို့ အကဲခက်​မြန်​သည့်​ ​ဂျုံ​ဆောင်းက ထီးငှါးချင်​​လို့လို့ ဟုယူဆရင်း စကားစလိုက်​မိသည်​။

BLUE DREAM {Eden Contest}Where stories live. Discover now