Back to blue side

200 29 0
                                    

လွန်​ခဲ့သည့်​ (၄)နှစ်​...

ဂျုံ​ဆောင်းတို့ ​နေသည့်​အိမ်​သည်​ လမ်းဆုံရှိ နှစ်​ထပ်​အိမ်​​လေးကိုမှ အ​ပေါ်ထပ်​​လေးငှါး​နေခြင်းဖြစ်​သည်​။ အ​ပေါ်ထပ်​ဖြစ်​တာကတစ်​​ကြောင်း လမ်းဆုံဖြစ်​တာက​တစ်​​ကြောင်း ​နေ့လည်​​နေ့ခင်းဆို လမ်းကဖုန်​များက အမြဲအလည်​လာတတ်​၏။ မိုးရာသီဆို ည​နေပိုင်း မိုးဖွဲဖွဲကျသည်​နှင့်​ ကြမ်းပြင်​တွင်​ ဖုန်​နှင့်​ မိုး၏အစိုဓာတ်​​ရောကာ ကပ်​​စေးကပ်​​စေးလည်းဖြစ်​တတ်​​သေးသည်​။ ထိုသို့ ဖြစ်​သည်​ကို ဝန်းငယ်​ကလုံးဝမကြိုက်​သည်​မို့ ဂျုံ​ဆောင်းကပဲ မိုးစရွာကတည်းက ဖုန်​​တွေကိုရသ​လောက်​လိုက်​သုတ်​ပြီး သန့်​ရှင်း​ရေးလုပ်​​နေရသည်​။
ည​နေပိုင်း​ရောက်​​နေပြီး စားစရာလဲမရှိသည်​မို့ ဝန်းငယ်​က ​ခေါက်​ဆွဲထုပ်​သွားဝယ်​သည်​။ ဂျုံ​ဆောင်းကို​တော့ ​ရေ​နွေးအိုးတည်​ထားဖို့သာမှာထားပင်​မဲ့ ဝန်းငယ်​မကြိုက်​တတ်​တဲ့အရာ​တွေကိုကြိုကာကွယ်​​နေသည်​။ ဝန်းငယ်​ စိတ်​ရှုပ်​မှာကို ဂျုံ​ဆောင်းမလိုလားဘူး​လေ...
သစ်​သား​တွေနဲ့ဝန်းရံထားသည့်​အိမ်​က​လေးကို ​ရှေး​ဟောင်းပစ္စည်းအချို့ကလည်း အလှဆင်​ထားသည်​။ ၁၉၇၀​လောက်​က ဓာတ်​စက်​​လေး​တွေ နာရီစင်​​တွေက အသက်​​ပေါ့။ ထိုင်​ခုံဆိုလဲ လွန်​ခဲ့တဲ့၁၀စုနှစ်​​လောက်​က ဝယ်​ခဲ့သည့်​ ကျွန်းခုံ​တွေသာ... ​ဟောင်း​လေ အဖိုးတန်​​လေ​ပေါ့။ ဂျုံ​ဆောင်းသန့်​ရှင်း​ရေးလုပ်​ရင်း အံဆွဲထဲက​နေ နာရီတစ်​ခု​တွေ့ခဲ့သည်​မို့ ​သေချာကြည့်​​နေမိသည်​။ "အဖိုးလူပျို​တုန်းကနာရီနဲ့တူတယ်​"

*ဒုန်း* ​ဟော..​ရောက်​လာပြီ။ လူပုစိတ်​တို​လေး ဘာ​တွေ​ဒေါသထွက်​လာမှန်းမသိ တံခါးကိုဒုန်းခနဲဖွင့်​လိုက်​သည်​မို့ ဂျုံ​ဆောင်းလဲနာရီကိုအမြန်​သိမ်းကာ ဝန်းငယ်​ကိုသွားကြိုရ​တော့သည်​။

'ဘယ်​နှခုနှစ်​ကပစ္စည်း​တွေပြန်​ကြည့်​​နေပြန်​ပြီလဲ' ဆူပုပ်​ပုပ်​နဲ့​အော်​​လေပြီ။

"ပစ္စည်းနဲနဲရှင်း​နေတာပါဝန်းငယ်​ရဲ့"
ဝန်းငယ်​လက်​ထဲက အထုပ်​ကို​ဘေးကိုချရင်း သူဝတ်​ထားတဲ့ မိုးကာအင်္ကျီကို ကြယ်​သီးဖြုတ်​ကူ​ပေးရ​သေးသည်​။ မိုးရာသီကိုကြိုက်​ပင်​မဲ့ မိုး​ရေစိုတာကိုမကြိုက်​တဲ့ ​ကောင်​ငယ်​​လေးဟာ အင်္ကျီကို ​ခြေမျက်​စိနားထိရှိတာကိုရှာဝယ်​လာခဲ့တာ​လေ။ ကြယ်​သီးဆိုတာလဲ ၁၅လုံး​လောက်​ရှိသည်​။ စိတ်​မရှည်​တတ်​တဲ့ဝန်းငယ်​ဟာ တစ်​လုံးချင်းဖြုတ်​မ​နေဘဲ ဗြန်းခနဲဆွဲဖြုတ်​ပစ်​တတ်​သူမလို့ ဂျုံ​ဆောင်းကိုယ်​​တိုင်​ ဖြုတ်​​ပေး​နေရသည်​။
'မြန်​မြန်​ဖြုတ်​ပါ ဦးငယ်​ရာ ဗိုက်​ကဆာ​နေပြီ...
ရေ​နွေးပွက်​ပြီမလား'

BLUE DREAM {Eden Contest}Where stories live. Discover now