Part 1

224 18 0
                                    

Uni

" ချစ်ခြင်းမေတ္တာတိုက်ပွဲတွေမှာ လက်ခံရယူပေးမဲ့သူ မရှိတဲ့ အချစ်တွေဟာ သိမ်ငယ်စရာကောင်းလောက်အောင် ပိုင်ရှင်မဲ့လွန်းတယ် "

အဖြူဆွတ်ဆွတ်မင်္ဂလာခန်းမကြီးတစ်ခု...

တောက်ပပြီး နှလုံးသားတစ်ခုလုံးကို ဆွဲငင်ယူနိုင်လောက်တဲ့အပြုံးတွေနဲ့ သတို့သမီးလေးတစ်ယောက်.....

အဖြူရောင်ခန်းမကြီးကို ဖြတ်ပြီး အိန္ဒြေရရ တစ်လှမ်းချင်းလျှောက်လာသည်။ ဘေးဘီဝဲယာမှ ပရိသတ်များသည် သတို့သမီး၏ အလှတရားကို မင်သက်နေကြသည့်နှယ် တိတ်ဆိတ်စွာ ငေးမောနေကြသည်။ တီးလုံးသံရဲ့ ညင်သာသော အယူအသိမ်း၌ သတို့သမီး၏ လက်ချောင်းသွယ်သွယ်လေးများသည် ခန်းမ၏ ထိပ်တွင်ရှိနေသည့် သတို့သား၏ လက်အတွင်းသို့ သက်ဆင်း၏။ သတို့သားနှင့် သတို့သမီးသည် မျက်လုံးချင်းဆုံနေရုံမှတပါး ကျန်သည့်အရာများကို အာရုံမရှိဘဲ သူတို့ချည်း တစ်ကမ္ဘာတည်ထားသည့်နှယ်။

ထိုအချိန်၌လက်စွပ်ဗန်းကိုင်ထားသော ကောင်မလေးတစ်ယောက် ခန်းမထိပ်ကို ရောက်လာ၏။ သတို့သမီး၏ အချစ်ဆုံးသူငယ်ချင်းပေမို့ သတို့သမီးနီးပါးလောက် ပြင်ဆင်ထားသော်ငြား သူမ၏ စိမ်းဖန့်ဖန့် မျက်ကြည်လွှာကလေးများကတော့ မတောက်ပနိုင်။ ညှိုးညှိုးငယ်ငယ်မျက်လုံးတွေနဲ့ပေမဲ့ နှုတ်ခမ်းပါးများကတော့ တွန့်ကော့လို့။ ကြည့်ရတာ သူငယ်ချင်းမလေး လက်ထပ်တော့မှာမို့ နှမြောဝမ်းနည်းနေပုံရသည်။ လက်စွပ်ဗန်းကို သတို့သမီး၊သတို့သား နှစ်ဦးကြားမှာ ကိုင်ထားလို့ မတ်တပ်ရပ်နေသည့်အခါ သတို့သားကအရင် လက်စွပ်တစ်ကွင်းကို အသာကောက်ယူလိုက်ကာ သတို့သမီးလေး၏ ကျော့ရှင်းလှသော လက်ချောင်းသွယ်လေးများ၌ နေရာယူစေလိုက်သည်။

လက်စွပ်ဗန်းကိုင်ထားသော ကောင်မလေး၏ နှုတ်ခမ်းများက ပိုပို ကွေးတက်လာသည်။ သူမက လက်စွပ်ကို ကြည့်ရင်းဖြင့် အသက်ရှူသံတွေ တဖြည်းဖြည်းပြင်းလာပေမဲ့ အားတင်းပြီး ပြုံးထားဆဲဖြစ်သည်။ ချစ်ကြည်နူးရင်း လက်စွပ်ဝတ်နေကြသည့်လူသားနှစ်ယောက်ရော တစ်ခန်းမလုံးကပါ သူမဆီကို အာရုံမရှိခဲ့။

The Ring Owner (Completed )Where stories live. Discover now