Part 3 (Final Part)

118 18 0
                                    

Uni

"ခိုက်စိုးစံ"

"ဟင်"

သူမ သတိရစွာ လှည့်ကြည့်လိုက်တော့ သန့်စင်ခန်းထဲပြန်ရောက်နေခဲ့ပြီ။ မြင်ခဲ့ရသည့် မြင်ကွင်းတွေက မြူလိုလွင့်ပါးသွားချိန် သူမဘေးမှာ ခက်ဆိုသည့် မိန်းကလေးက ဒီအတိုင်းလေး ရှိနေတုန်းပင်။ ခိုက် သူမရဲ့ နှလုံးသားဆီမှ နာကျင်မှုကြောင့် မျက်ရည်ကျလုမတတ်ဖြစ်သွားသည်။

"မငိုပါနဲ့"

ထိုမိန်းကလေးက အေးစက်နေသည့် လက်ချောင်းတွေနဲ့ သူမ ပါးကို ခပ်ဖွဖွပွတ်သပ်၏။

"ခိုက် ဘယ်လိုကူညီပေးရမလဲ"

ခိုက်မျက်ဝန်းတွေထဲ ဘာမှမရှိ။ သို့သော် သေချာကြည့်လိုက်လျှင် ခက်နဲ့ ဆင်ဆင်တူသည့် လွမ်းမောဖွယ်အရိပ်အငွေ့တွေက ခိုက်မျက်ဝန်းထဲမှာ စီးဆင်းနေသည်။

"ငါ နောင်တရတာ တစ်ခုပါပဲ။ ခိုက်စိုးစံ... သူ့ကိုပြောပေးပါ။ ငါသူ့ကိုချစ်ကြောင်း"

အေးစက်စက်အသံက နေရောက်အောက်မှာ ပျောက်ကွယ်သွားသည့်မြူနှင်းတွေနှယ်...။ ခက်ရဲ့ ဖြူဖျော့ဖျော့ပုံရိပ်ကပါ အသံနှင့်တွဲ၍ တပါတည်းပျောက်ကွယ်သွားခဲ့သည်။ ခိုက် သက်ပြင်းကြီးကြီးရှိုက်လိုက်သည်။

တံခါးခေါက်သံသဲ့သဲ့က အခန်းထဲကို ပျံ့နှံ့လာသည်။

"ခက်ရေ မပြီးသေးဘူးလားဟာ။ နင်ကသတို့သမီးကို စောင့်ရမှာနော်။ သတို့သမီးဖြစ်တဲ့ငါက နင့်ကို စောင့်နေရတယ်"

အပြင်ဘက်က အသံစာစာလေးကြောင့် ဘယ်သူဆိုတာ ခိုက် ရိပ်မိသွားခဲ့သည်။ အသက်မပါသောအပြုံးနဲ့အတူ တံခါးဆီလက်လှမ်းလိုက်ကာ ရှေ့ဆက်ဖြစ်လာမည့်အရာရာအတွက်ပါ တပါတည်းပြင်ဆင်ထားလိုက်တော့သည်။

"ခက်ရယ် စောင့်လိုက်ရတာ အကြာကြီးပဲ... မင်္ဂလာပွဲက နောက်၁၅မိနစ်လောက်ဆို စတော့မှာ ငါအရမ်းစိတ်တွေ လှုပ်ရှားနေတယ် သိလား "

နှုတ်ခမ်းတစ်ခုလုံး အပြုံးများ လွမ်းခြုံထားသည့် အဖြူရောင်သတို့သမီးလေးက ခိုက်ရဲ့ လက်ကို ဖက်တွယ်ထားလျက် ကလေးလေးတစ်ယောက်လို ဖြူစင်လှတဲ့ မျက်ဝန်းလေးဖြင့် သူစိတ်လှုပ်ရှားနေကြောင်း အပီအပြင်ကို ရင်ဖွင့်နေခဲ့သည်။

The Ring Owner (Completed )Where stories live. Discover now