Part 2

104 16 3
                                    

Uni

ဘာတွေဖြစ်လို့ ဘယ်တွေရောက်နေမှန်း သူမလည်း မသိတော့။ အသိနဲ့သတိကပ်ချိန်မှာ သူမဟာ မှန်ကြီးတစ်ခုရှေ့ရောက်နေခဲ့သည်။ မှန်က သန့်စင်ခန်းကမှန်ဖြစ်ပြီး ဘေးဘီဝဲယာမှာ ဘေစင်အချို့လည်းရှိသည်။ သန့်စင်ခန်းထဲမှာတော့ လတ်တလော လူတစ်ယောက်မှမရှိ။ ခိုက်စိုးစံ သူမအရှေ့ကို ပြန်ကြည့်လိုက်ပြန်သည်။ မှန်ထဲက ပုံရိပ်လေးက အဖြူရောင်သတို့သမီးဝတ်စုံလေးကို ဝတ်ဆင်ထားကာ မျက်လုံးတွေကတော့ ငိုထားသလို နီမြန်းလျှက်ရှိသည်။ ဖျော့တော့တော့အသားအရည်နှင့် ခပ်နွမ်းနွမ်းနှုတ်ခမ်းတို့က အတော်လေးကျန်းမာရေးချို့ယွင်းနေသည့်နှယ်။

သို့ပေမဲ့ လန့်စရာကောင်းတဲ့အချက်တစ်ခုက ထိုမျက်နှာသည် သူမ၏မျက်နှာမဟုတ်။ ခိုက်စိုးစံက ထိုသူစိမ်းဆန်သည့်မျက်နှာကို ခပ်ဖွဖွထိကြည့်လိုက်ကာ မျက်မှောင်ကုပ်လိုက်သည်။ ဘယ်လို ထူးဆန်းသည့်အိပ်မက်ထဲကို ရောက်လာသည်မသိ။

ခပ်သွယ်သွယ်လက်ချောင်းတွေက မှန်ထဲရှိပုံရိပ်ဆီ ချည်းကပ်သွားတော့ ရုတ်တရက် သူမအနောက်က လူတစ်ယောက်ကို တွေ့လိုက်ရသည်။ လူတစ်ယောက်ဆိုတာထက် မှန်ထဲက ပုံရိပ်နဲ့ တစ်ထပ်တည်းကျနေသော မိန်းကလေးတစ်ယောက်ဆို ပိုမှန်မည်ထင်သည်။ ထိုမိန်းကလေးပုံစံက လူပုံသဏ္ဍာန်ထက် ပို၍ ဖြူဖျော့နေပြီး သူမကို ကြည့်ရတာ ဝိဉာဉ်တစ်ခု လေလွင့်လာသည့်နှယ်ပင်။

သူမက ခိုက်စိုးစံ၏ ပုခုံးကိုခပ်ဖွဖွကိုင်ကာ မှန်ထဲကို လွမ်းဆွေးနေသည့် မျက်လုံးများဖြင့် မျှော်ကြည့်လိုက်သည်။ အေးစက်စက်အထိအတွေ့ကြောင့် ခိုက် တစ်ချက်တုန်သွားမိပေမဲ့ မှန်ထဲကနှင့် ထထေရာတည်းတူနေသည့် မိန်းကလေးပုံရိပ်နှစ်ခုကြောင့် မင်သက်နေမိသည်။ ဝိဥာဉ်လိုကောင်မလေးက နှုတ်ခမ်းတွန့်ရုံလေး အသာပြုံးပြရင်း သူမခေါင်းကို ခပ်ဖွဖွလေးသပ်လာသည်။

"ခိုက်စိုးစံ... ငါ့ကိုကူညီပေးပါ"

ဘာရယ်တော့မဟုတ်ပေမဲ့ ရေခဲရိုက်ထားသည့်အသံကြောင့် ခိုက် တစ်ချက်တုန်သွားရပြန်သည်။ ဒါက အိပ်မက်ဆို သူမက သရဲအိပ်မက် မက်နေမိသလားမသိ။ အဲ့ဒီအမျိုးသမီးကလည်း သူ့စိတ်ကူးတွေကို သိနေသည့်နှယ် ရယ်သံတစ်ချက်ထွက်လာသည်။

The Ring Owner (Completed )Where stories live. Discover now