နက်ရှိုင်းသည့်နန်းတော်(၁)

2.1K 88 6
                                    


အပိုင်း-၁။ နက်ရှိုင်းသည့်နန်းတော်(၁)
______________________________________

နှစ်ဆယ့်ကိုးကြိမ်မြောက်ပွဲတော်ကျင်းပပြီးသကာလ၊
ကျို့ထို တွင်မိုးလေပြင်းစွာရွာသွန်းနေပြီး မိုးရေက လမ်းမထက်ကအညစ်အကြေးတွေကိုပါ တစ်ခါတည်းသန့်ရှင်းပေးသွားသလိုပင်။လ၀က်ခန့်တော့ ထိုမိုးကအဆက်မပြတ်ရွာသွန်း၍ ဆဲမည့်ပုံမပေါ်။

ဆောင်းဦးကာလ၊
ကျို့ထို တွင် သစ်ကိုင်းခြောက်တွေနှင့်သစ်ရွက်ကြွေတွေမှာ နေရာတိုင်းလိုလိုပြည့်နှက်နေပြီး ရာသီဥတုကတော့ အနည်းငယ်အေးလာတယ်၊စိုထိုင်းတယ် ပြီးတော့ အရမ်းကိုအေးလာတယ်။

စီနင်းနန်းတော်ထဲတွင် မီးပုံမှာ မြေနဂါးသဖွယ်ဟုန်းဟုန်းတောက်လောင်နေသည်။

ဧကရီမိဖုရားကြီး၀မ် ၏ မိသားစုသည်အပြင်မထွက်ချင်သောကြောင့် တုန့်နွမ်ပွဲကြည့်စင်၌ စားပွဲတစ်ခုစီစဉ်ကာသူမ၏မြေးဖြစ်သူ ကျန်းရှန့်၊တစ်နည်း ကျားနန်တိုင်းပြည်၏သခင်မဖြစ်သူအား ထိုက်ဟွမ်ထိုက်ဖေးပိုင် နှင့်ကဒ်ပြားကစားခိုင်းလိုက်သည်။

သို့ပေမယ့် ဒီနေရာတွင်အခြားလူတစ်ယောက်ရှိနေသေးသည်။
သူတို့သည် စီနင်းနန်းတော်မှအမျိုးသမီးအရာရှိ မုန့်ဖန်းလင်အားနံပါတ်ပေးရန်အတွက်မေးလိုက်သည်။

ထိုက်ဟွမ်ထိုက်ဖေးပိုင်က ကူကယ်ရာမဲ့နေသောခံစားချက်ဖြင့်

"ကျွန်တော်မျိုးမတို့ရဲ့ဧကရာဇ်မျိုးဆက် နှစ်ဆက်မှာ ချစ်ခင်စုံမက်သူတွေအတော်လေးကိုရှားပါးတာပဲ၊1*'ငါဟာနှလုံးသားတစ်ခုကိုပဲအလိုရှိတယ်၊ အဖြူရောင်ခေါင်းကကွဲနိုင်မှာမဟုတ်ဘူး' သူတို့ကသူတို့လိုချင်တာကိုရခဲ့တယ်၊ ဒါပေမယ့် ကျွန်တော်မျိုးမတို့ကတစ်ယောက်တည်းကျန်ရစ်ခဲ့ရတယ်။ လူတွေကဒီနန်းတော်ကြီးထဲမှာကာလကြာရှည်စွာနေထိုင်ခဲ့ကြပေမယ့် သူတို့က စားပွဲတစ်ပွဲတောင်အတူတူတည်ခွင့်မရကြဘူး"

ဧကရီမိဖုရားကြီးကမည်သည့်စကားမျှဆိုလာခြင်းမရှိချေ။

ဧကရာဇ် ရှောင်းကျုံ သက်ရှိထင်ရှားရှိစဉ်အခါကသူသည် ကြင်ယာတော်အန်း,ကြင်ယာတော်ကျင်း တို့အားလွှမ်းမိုးချုပ်ကိုင်ခဲ့ပြီး၊ ပထမဆုံးဧကရာဇ်ထီးနန်းကိုဆက်ခံသောအခါ ကြင်ယာတော်ချင်း တစ်ဦးတည်းကိုသာလွှမ်းမိုးချုပ်ကိုင်ခဲ့လေသည်။

သရဖူထက်ကချစ်ဧကရီ [ဘာသာပြန်]Where stories live. Discover now