ဘရင့်မယ်တော်(၁)

762 36 0
                                    

အပိုင်း-၂။ ဘုရင့်မယ်တော်(၁)
_______________________

ဘုရင့်မယ်တော်ချောင်သည် ပထမဧကရာဇ်၏ကြင်ယာတော်တစ်ဉီးဖြစ်ပြီး လက်ရှိဧကရာဇ် ကျောက်ယီ၏မိခင်အရင်းလည်းဖြစ်ပေသည်။

     ပထမဧကရာဇ်သည် တော်ဝင်ကြင်ယာတော်ချင်း တစ်ဦး တည်းကိုသာလွှမ်းမိုးချစ်ခင်ခဲ့ပြီးဖျက်သိမ်းပျက်ဆီးစေခြင်းဆိုသည့်အဓိပ္ပာယ်ကိုအကြိမ်ကြိမ်ဖွင့်ဆိုပေးခဲ့သည်။  သူမသည် ပထမဧကရာဇ်၏အရှက်ခွဲမှုနှင့်လျစ်လျူရှုခြင်းကိုခံခဲ့ရသည်၊ ထိုအဖြစ်သည်ဘုရင်မကြီး၏အခြေအနေထက်ပင်ပို၍ခက်ခဲသေးသည်။

သို့သော်ဧကရီမိဖုရားကြီးကဲ့သို့ဆုတ်ခွာရမည့်အစား သူမသည်ဧကရီမိဖုရားကြီးထံတွင်ခိုလှုံခွင့်ကိုရရှိခဲ့ပြီး ကြင်ယာတော်ချင်းအားဆယ်နှစ်ကြာကြံ့ကြံ့ခံခဲ့ပြီး ကြင်ယာတော်ချင်း၏ နန်းတော်သို့ဝင်ရောက်ပြီးဆယ့်တစ်နှစ်အကြာတွင် ကျောက်ယီကိုမွေးဖွားခဲ့သည်။  ထိုအခါ မိခင်သည်သားတော်ကိုမှီခိုရပေသည်။

ပထမ ဧကရာဇ်အသက်ရှင်တော်မူသေးသည့်အချိန်တွင် ကျောက်ယီဆိုသည့်သားတော်အား နန်းတွင်း၌အရေးပါအရာရောက်သောစစ်အရာရှိများနှင့်မျိုးနွယ်မိသားစုမှဘိုးဘေးများအား ထောက်ပံ့စေပြီး ကျောက်ယီအား မင်းသားအဖြစ် ဧကရာဇ်မင်းမှအခိုင်အမာသက်သေထူလေတော့သည်။

ပထမဧကရာဇ်သေဆုံးပြီးနောက် သူမသည် မိဖုရားမယ်တော်ဖြစ်လာပြီး ငါးနှစ်အရွယ်ကျောက်ယီ၏နိုင်ငံရေးအားကူညီပေးသည်ဟုဆိုကာ ကိုင်တွယ်ရုံသာမက ကြင်ယာတော်ချင်း အားပထမဆုံးဧကရာဇ်အတွက်ဟုဆိုကာ အတူဂူသွင်းသဂြိုလ်မြှုပ်နှံလိုက်ရန်အကြီးဆုံးသားကျောက်ယီကိုစေလွှတ်ခဲ့ပေသည်။ပထမဧကရာဇ်နှင့် ကြင်ယာတော်ချင်း မှမွေးဖွားသောသားတော်အား အလွန်ဝေးကွာလှသည့် လျောင်တုန်းနယ်စားအဖြစ်သို့ ထားရှိလိုက်လေသည်။

     ယခုဧကရာဇ် ကျောက်ယီ သည် သက်တော်ဆယ့်ငါးနှစ်ရှိပြီဖြစ်သည်။

     ထိုလူသည်ဆယ့်ငါးနှစ်ရှိပြီးသူ၏ဆံပင်ကိုချည်ထားလေသည်။
(Y/N-ဘာကိုပြောချင်မှန်းရော်လည်းမသိ)

You've reached the end of published parts.

⏰ Last updated: Aug 15, 2021 ⏰

Add this story to your Library to get notified about new parts!

သရဖူထက်ကချစ်ဧကရီ [ဘာသာပြန်]Where stories live. Discover now