နက်ရှိုင်းသည့်နန်းတော်(၂)

696 61 0
                                    

အပိုင်း-၁။ နက်ရှိုင်းသည့်နန်းတော်(၂)
______________________________________

သူမကို အရမ်းအနေနီးပေးဖို့လည်းသူမ မတောင်းဆိုမိချေ။

ထိုကလေးရှိပြီး ဆွဲဆောင်မှုရှိလှသော အစေခံမကိုဖြင့်ပုလဲလုံးလေးသဖွယ် တယုတယမြတ်နိုးကြင်နာနေပြီး အစစ်အမှန်မိဖုရားတစ်ပါးမှာ ကိုယ်လုပ်တော်လိုသာဆက်ဆံခံရလေသည်။
ဘယ်လိုပဲ နှစ်တွေအများကြီးကြာခဲ့ပြီဖြစ်ပါစေ၊
ပြန်တွေးလိုက်မိသည့် အချိန်တိုင်း သူမမှာ စိတ်ပျက်အားလျော့ခြင်းများကိုသာခံစားနေရပြီး မသိပါလျှင် ရင်ဘက်အတွင်း၌ မီးများတောက်လောင်နေသကဲ့သို့ ပူလောင်လွန်းလှပါသည်။

     ကံကောင်းထောက်မစွာဖြင့်၊သူမအသက်ဆယ့်သုံးနှစ်အရွယ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

     ဘဝသည်တစ်ဖန်ပြန်လည်စတင်နိုင်ပြီဖြစ်သည်။

     အနာဂတ်အတွက် သူမရဲ့ လမ်းကိုပြန်လည်ရွေးချယ်နိုင်ပြီဖြစ်၏။

သူမသည်ကျောက် မိသားစု၏ ညစ်ထေးရှုပ်ထွေးနေသော မည်သည့်အရေးအရာများကိုမျှ ပါ၀င်စီမံတော့မည် မဟုတ်ချေ။

မည်သူမဆိုကြိုက်နှစ်သက်ပါက ကျောက်မိသားစုသို့သွားရောက်ကာအညစ်အကြေးများကိုကူ၍ရှင်းလင်းပေးနိုင်ပါသည်။

     သူမအိမ်ထောင်ပြုချင်သည်။

     ဘာကြောင့်ဆို ကလေးမွေးဖို့အတွက်။

     ဗျက်စောင်းရဲ့သံစဥ်ကိုအတူတကွတီးခတ်လိုသည်။

     ကိုယ့်ရဲ့ ကိုယ်ပိုင်ဘ၀လေးကို အေးချမ်းစွာဖြင့်ဖြတ်သန်းရမည်။

   မင်းဆက်များမည်သို့ပင်ပြောင်းလဲနေပြီး မည်သူပင် ဧကရာဇ်ဖြစ်နေပါစေ သူမနှင့်လားလားမျှမသက်ဆိုင်ပေ။

ကျန်းရှန့်သည် အသက်ပြင်းပြင်းရှူထုတ်လိုက်ပြီးနောက်အနည်းငယ်ငြိမ်သက်သွားကာမှကတ်ပြားဆက်ကစားနေလိုက်သည်။

     ဧကရီမိဖုရားကြီးက
"ထိပါ"
ဟုအော်ကာသူမ၏ကတ်ပြားကိုကြက်သွေးရောင်ကတ္တီပါစောင်ပေါ်တွင်ပစ်ချနေစဉ် သူမကအသာပြုံးလိုက်ပြီး

သရဖူထက်ကချစ်ဧကရီ [ဘာသာပြန်]Where stories live. Discover now