[1]

15.5K 1.5K 71
                                    

[Unicode]

အခန်း(၁) :အမျိုးသားဖက်ရှင်မော်ဒယ်နှင့် ဆောက်လုပ်ရေး လုပ်သား.....

အမျိုးသားဖက်ရှင်မော်ဒယ်လ်တစ်ယောက်တဖြစ် ဆုနိုသည် သူ့အား အခြားသူများက မိန်းကလေးဆန်ဆန်ခေါ်ဝေါ်ခြင်းကို မကြိုက်နှစ်သက်ပေ။သို့သော်သူ၏မျှော်လင့်ချက်အားလုံးနှင့်ဆန့်ကျင်စွာ သူရဲ့လှပသည့်အသွင်အပြင်က သူ့ကိုသစ္စာဖောက်ခဲ့၏။

မီဒီယာများက သူနှင့်ပတ်သက်သည့်ဆောင်းပါးတစ်ပုဒ်ကို ထုတ်ဝေသည့်အခါတိုင်း သူတို့သည်
"လှပသော""နှစ်မြောဖွယ်""ညှိယူဖမ်းစားမှု"စသည့် ခေါင်းစည်းများဖြင့်ထုတ်ဝေခဲ့သည်ချည်းသာ။

ဘယ်လောက်တောင်စိတ်ပျက်စရာကောင်းလွန်းတဲ့ အားထုတ်မှုတွေလဲ!

<<ပန်းပွင့်များထက် သာလွန်သည့်အပြင် လှပပြီးမှော်အတတ်ဖြင့် ညို့ယူဖမ်းစားတတ်သော ဆုနိုသည် ပရိသတ်တွေအားလုံးကို အသက်ရှူရပ်သွားလောက်အောင်ပြုစားနိုင်စွမ်းရှိတယ်>>

"ဒီခေါင်းစဉ်နဲ့က ဘာတွေလဲ?!" နံနက်စာအတွက် သောက်နေသည့် ပဲနို့ပိုက်ကိုချွတ်လိုက်ပြီး ဆုနိုသည်ဒေါသတကြီးပေါက်ကွဲနေ၏။သူရဲ့ညာဘက်လက်ထဲမှာ ကိုင်ထားတဲ့ မုန့်(ချောင်း)ကိုလည်းဖိချေ
လိုက်၏။

"သခင်​လေးဆုရယ်!စိတ်အေးအေးထားပါ!" မန်နေဂျာက သူ့အား ချက်ချင်းနှစ်သိမ့်ပေးလိုက်ကာ
"အခု ငါ မီဒီယာဆီဖုန်းခေါ်ပြီး ခေါင်းစဉ်ကို
<<ယောက်ျားဆန်သည့်ဆုနိုသည် eight packs နှင့်အတူ မီးပုံထဲကနေပြန်လည်နိုးထလာပြီ >> လို့ပြန်ပြောင်းခိုင်းလိုက်မယ်"

သို့သော်ငြား တမင်သက်သက်ချည်း ပြသာနာဖြစ်စေနိုင်သောကြောင့် ရက်ရက်စက်စက်ပင် ငြင်းပယ်ခံခဲ့လိုက်ရ​​လေသည်။

ဦးနှောက်မရှိတဲ့ အယ်ဒီတာတွေ!ကြေကွဲစရာ
ကောင်းလိုက်တာ!

"ဘာလို့ဒါတွေက အတူတူတွေချည်းဖြစ်နေရတာလဲ?" ဆုနို ပြောလိုက်သည်။ "ဒီခေါင်းစဉ်တွေက ကြာလေ ကြာလေ,ပိုရယ်စရာကောင်းလာလေပဲ "

"အဲ့ဒီဟာက ပိုကောင်းတာမဟုတ်ဘူးလား?အရင်တုန်းကဆို သူတို့ရေးချင်တာက နတ်သမီးလေးလို့ လှပတဲ့ မိန်းမချောလေးဆု..."
မန်နေဂျာ၏စကားသည် အဆုံးထိမပြောလိုက်ရခင် တစ်ရှူးဘူးဖြင့် ကောက်ပေါက်ခြင်းကို ခံလိုက်ရသည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now