[55]

1.7K 361 4
                                    

[Unicode]

အခန်း(၅၅):အချိန်​ပေးမယ်နှင် ဥ​ရောပရဲ့ မြို့ငယ်​လေးများ

'သူ့ရဲ့ ရည်မွန်တဲ့ လူကြီးက ချိုးကျီယန်နဲ့ သူ့ကို သဝန်တိုတယ်'ဆိုတဲ့ အ​ခြေအ​နေကြီး​ကြောင့် ဆုနိုသည် ကြောင်အသွားကာ မူး​နောက်သွားရသည်။

"ကျွန်​တော် သူ့ကို ကြိုက်တောင်မကြိုက်ပါဘူး!" ဆုနို ပြောစရာ စကားမဲ့သွားရသည်။

သူက ဘယ်လိုလုပ်ပြီး abs ရှိတဲ့ယောက်ျားတွေကို ကြိုက်မှာလဲ။ ဒါက Sci-fi (သိပ္ပံစိတ်ကူးယဥ်ဝတ္ထု) လိုပဲ  စိတ်ကူးယဉ်ဆန်လွန်းတယ်! ကြောက်စရာကောင်းတဲ့ ဆယ့်ရှစ်နှစ်ထိ တားမြစ်ထားတဲ့ ထိတ်လန့်ဖွယ်ရုပ်ရှင်လိုပဲ! သန်းခေါင်ယံမှာ ထမြည်တဲ့ ထိတ်လန့်စရာခေါင်းလောင်းသံထက် ကြောက်စရာပိုကောင်းတယ်!

"မင်း သေချာစဉ်းစားဖို့လိုတဲ့ အရာတွေရှိတယ်" အိုးရန်လုံသည် သူ့ပါးလေးကို ညင်ညင်သာသာ ညစ်လိုက်သည်။ ထိ​တွေ့မှုက ရင်းနှီးနေဆဲဖြစ်သော်လည်း သူ့လက်ဖျားများက အနည်းငယ်အေးစက်လို့နေသည်။

အခုအ​ခြေအ​နေကို စဥ်းစားဖို့အချိန်မလိုပါဘူး! ပြင်သစ်အနမ်းလေးပဲ နမ်းပေးဖို့လိုအပ်တာ​လေ!

ဆုနို မကြာခင်မှာပဲ ပြိုကွဲသွားတော့မယ်လို့ သူခံစားနေရသည်။ သူ့ရဲ့ ကြော့ရှင်းခန့်ညားသည့် လူကြီး၏ထင်မြင်ယူဆပုံက အလွန်ပင် ထူးဆန်းလွန်းသည်။ ဒါ သိပ္ပံနည်းမကျဘူး!

သူ မြန်မြန်ပြန်ဖြေလိုက်သည်။ "သူ့ပို့စ်တွေကို ကျွန်တော် ဂရုမစိုက်ခဲ့ပါဘူး!"

တစ်ခါတစ်လေကျရင် ဆက်ဆံရေးတစ်ခုမှာ အလိမ်လေး​တွေက အရေးကြီးတယ်လေ! ရုပ်ရှင်တွေထဲမှာဆို အမြဲပါတယ်!

ဒါပေမယ့်လက်တွေ့က ရုပ်ရှင်တွေထက် ပိုကြမ်းတမ်းပါသည်။
အိုးရန်လုံက မဲ့ပြုံးဖြင့် သူ့ကိုကြည့်ပြီး "ကိုယ်... တောင်းပန်ပါတယ်။ နောက်ဆုံးအကြိမ် မင်း ကိုယ့်ကွန်ပျူတာကို သုံးတုန်းက မင်းရဲ့ login history အချို့ကို မင်းထားခဲ့တယ် ”

Shitttttttt!!ဆုနို ချက်ချင်းကြီး နိမိတ်မ​ကောင်းသလို ခံစားလိုက်ရသည်။ "ဘာ login history လဲ?"

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now