[18]

4.4K 822 30
                                    

[Unicode]

အနုပညာရှင်လူငယ်​လေးနှင့် အနိုင်ကျင့်တယ်

ဒါရိုက်တာတိုင်းက!

အနုပညာအ​ပေါ်မှာ အလုံးစုံအပ်နှင်းကြတယ်!

သူတို့က!

အတောင်ပံ​ကျိုး​နေတဲ့!

အိန်ဂျယ်​လေးတွေလေ!

သူတို့ရဲ့ ဘဝ​ဟောင်း​တွေမှာ​ပေါ့​!

နောက်တစ်​နေ့တွင် ရိုက်ကူး​ရေးပြီးသွား,ပြီး​နောက်
ကျုံးလီဖုန်းပိုင် မုချိုးနဲ့ တွေ့ ဆုံရ​တော့မည်ကို တွေးမိပြီး သူ့မျက်နှာပေါ်က​နေ မျက်ရည်​တွေစီးကျလာ​သည်ကို မထိန်းနိုင်​တော့​ပေ။

ဒီလူက သူ့ရဲ့အိမ်ကို လာဖို့ဖိတ်ခေါ်လိုက်တယ်ဆိုကတည်းကိုက  ဗီလိန်တစ်​ယောက်ရဲ့ ခြေလှမ်း,လှမ်း​တော့မယ်ဆိုတာ အသိသာကြီး!သူက​တော့ အနုပညာအ​ကြောင်း ဆွေး​​နွေးချင်တယ် ပြောတာပဲ တကယ့်အဖြစ်မှန်က သူ့ကိုပဲ မျက်လုံးကျွတ်မတတ်ထိုင်ကြည့်​နေမှာသေချာတယ်!

အမှားပေါင်း တစ်​သောင်း​လောက် သူကျူးလွန်ခဲ့ဖူးပြီးနောက် သူ​နောင်တအရဆုံးလုပ်ရပ်က ရုတ်တရက်ကြီး စိတ်လိုက်မာန်ပါ ကမ်း​အောက်(come out) လုပ်လိုက်တာကို တစ်ဖက်လူကို သိသွားစေတာပဲ!
အခု​တော့ သူ့မှာ အ​​ဖြောင့်ကြီးပါ ဆိုတာကို​တောင် ဟန်​ဆောင်ပြလို့မရ​​တော့ဘူး။

ဒါရိုက်တာကျုံးတစ်​ယောက် သူ့ကိုယ်သူမှန်ထဲမှာ ကြည့်​နေရင်း သနား​နေမိသည်။ သူ့ရဲ့ ပန်းပွင့်လိုစိတ်ထား​လေးက အဲ့ဒီပုံမှန်မဟုတ်တဲ့လူ​ကြောင့် ခြောက်​သွေ့ သွားရရှာပြီ။

သေသင့်တဲ့​ကောင်!

ဒါရိုက်တာတွေကသာ တခြားလူ​တွေအ​ပေါ်မှာ ထိန်းချုပ်သင့်တာမဟုတ်ဘူးလား?ဘာလို့ သူ့အလှည့်ကျမှ တခြားတ​စ်​ယောက်က သူ့​အ​ပေါ် ထိန်းချုပ်ခွင့်ရှိ​နေရတာလဲ?!ဒါကြီးက လုံးဝအဓိပ္ပါယ်မရှိဘူး!

နောက်ဆုံးတစ်ချက် သူ​တွေးမိလိုက်တဲ့အခါမှာ​တော့ ဒါရိုက်တာကျုံးသည် အ​ရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပါ​တော့၏။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now