[69]

1.7K 278 7
                                    

[Unicode]

အခန်း(၆၉):နတ်သမီးပုံပြင်နှင့် အစီအစဉ်

ပြင်းပြင်းရှရှရှိသည့်အနမ်းတွေက တဖြည်းဖြည်းနက်ရှိုင်းလာပြီး ချိုးကျီယန်၏လက်သည် အောက်သို့လျှောဆင်းလာကာ ထန်​ရှောင်းယွီ၏တင်ပါးကို ပေါ့ပေါ့ပါးပါး ဆုပ်ကိုင်ထားသည်။

ထန်​ရှောင်းယွီ၏တစ်ကိုယ်လုံး ပူနွေးလာပြီး တောင့်တင်းသွားသည်။

"မကြောက်ပါနဲ့" ချိုးကျီယန် သူ့နား,နားကပ်ကာ တိုးတိုးလေး တီးတိုးပြောလိုက်သည်။

ထန်​ရှောင်းယွီ သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး တစ်ဖက်လူကို ဆက်မလုပ်ဖို့ အလိုလို တားမြစ်လိုက်သည်။

ချိုးကျီယန် ခါးကိုကွေးပြီး သူ့ကို လက်နှစ်ဖက်ကြား​ ပွေ့ချီလိုက်ကာ ရေချိုးကန်ထဲသို့ ထည့်ပေးလိုက်သည်။

သူ့အဝတ်ပါးပါးလေးသည် ရေဖြင့်ထိ​တွေ့သွားသည်မို့ စိုစွတ်လာပြီး သူ့ခန္ဓာကိုယ်ပေါ်သို့ တွယ်ကပ်လို့သွားသည်။ အရမ်းကိုမှ မသက်မသာ ခံစားနေရပေမယ့်လည်း ကြည့်ရတာတော့ erotic ဆန်လွန်းသည်။

ထန်​ရှောင်းယွီ သူ့ကိုယ်သူ ရေထဲသို့နစ်ဝင်လိုက်ဖို့သာ ဆုံးဖြတ်လိုက်သည်။

ဒီလိုဖြစ်လာမယ်ဆိုတာ စောစောကသိခဲ့မယ်ဆိုရင် သူ့ရဲ့ ပြင်သစ်စာမေးပွဲရမှတ်က 'B သို့မဟုတ် နိမ့်ပါက အတူတူရေချိုးရမယ်'ဆိုတဲ့ ဆိုးရွားတဲ့စာချုပ်ကို သူ ဘယ်တော့မှ လက်မှတ်ထိုးခဲ့မှာ မဟုတ်။ ဒါ့အပြင် သူ့လေ့လာမှုကို တကယ်တိုးတက်အောင်လုပ်ပေးချင်တယ်ဆိုရင် 'Bတောင် မရရင် ကျူရှင်တက်ရင်တက် မဟုတ်ရင် စကားလုံးတွေဖတ်ပြီး အပြစ်ပေးခံရမယ်' ဆိုတဲ့ အ​ကြောင်းပြချက်ကမှ ပိုဖြစ်သင့်တာ မဟုတ်ဘူးလား။ သူနဲ့ ဘာလို့ ရေအတူချိုးနေရမှာလဲ!

ဒါ လုံးဝကို ရည်ရွယ်ချက်ရှိရှိ လုပ်တာပဲ!

သို့သော် နောင်တဆိုတာမျိုးကို တားဆီးပေးမည့် ဆေးလုံးဟူ၍ မရှိပေ။ ထို့ကြောင့် ထန်​ရှောင်းယွီသည် အနောက်မှ ချိုးကျီယန်၏ပွေ့ဖက်ခြင်းကိုသာ ခံ​နေရကာ ရေချိုးကန်ထဲတွင် ကိုယ်လုံးတီးဖြင့် ထိုင်နေရတော့သည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now