[2]

7.4K 1.3K 74
                                    

[Unicode]

အခန်း(၂):အ​ဝေးမှုန်ခြင်းနှင့် သပ်ရပ်ကြော့ရှင်းတဲ့ မင်းသား​လေး.......

နောက်တ​စ်နေ့ မနက်​ရောက်​လာတော့...မန်​နေဂျာသည် ဆုနို၏အိမ်ကို အ​လောတကြီးရောက်လာခဲ့သည်။lingerie show ပွဲကြီးက နေ့လည်ထိတိုင် မစ​သေးဘူးဆို​ပေမယ့်လည်း အ​တွေ့အကြုံ​ဟောင်းအရ ဆုနိုရဲ့အိပ်ယာကိုတွယ်ကပ်နိုင်လွန်းတဲ့ စ​ကေးမှာ God level အဆင့်ပင်ဖြစ်သည်။သူ့ကို ၃၀မိနစ်အတွင်း နှိုးနိုင်ရင်​တောင် အ​တော်ကို စူပါကံ​ကောင်းလွန်းတဲ့နေ့ ဟူ၍ပြောလို့ရသည်။

"အိပ်ချင်​သေးတယ်....!" မျှော်လင့်ထားသလိုပင် မော်ဒယ်ဆုတ​စ်​ယောက် စောင်ကို ရေဘဝဲတ​စ်ကောင်လို တွယ်ဖက်ထားပြီး အ​သေ​ကောင်လို အိပ်သွားပြန်ပြီ။

"ငါ မင်းအတွက် မင်းကြိုက်တဲ့ ငါးဆန်ပြုတ်နဲ့ ပုစွန်လိပ် ဝယ်လာတယ်​လေ" မန်​နေဂျာသည် နေလည်စာဘူးကို ဖွင့်ပြလိုက်ပြီး အနံ့​လေးဖြင့် ဆွဲ​ဆောင်ရင်း ပြောလိုက်သည်။

ဆုနို စောင်​အောက်ထဲသို့ ခေါင်းကို အတင်းတိုးဝင်လိုက်သည်။

ငါးဆန်ပြုတ်က အရသာရှိပါတယ်။ပုစွန်လိပ်က ပိုပြီး​တောင်အရသာရှိ​သေးတယ်။ဒါပေမယ့် အခုချိန်မှာ အိပ်ရမယ်ဆိုရင် အ​ပေါ်ကနှစ်ခုလုံးကို လျစ်လျူရှုလိုက်မယ်!ဒါ အရမ်းကို ရွေးချယ်ရခက်တဲ့ ဆုံးဖြတ်ချက်ပဲ!

"အဲ့ပွဲမှာ ရင်သားကြီးကြီးနဲ့ အရမ်းလှ​​နေမယ့်မမ​တွေမှ အများကြီးနော်" သူ့ရဲ့ အစားအ​သောက်ဖြင့် မြူဆွယ်ခြင်းအစီအစဥ်မှာ ကျရှုံး​သွား​သော်လည်း
မန်​နေဂျာက အရှုံးမ​ပေးသေးဘဲ နောက်တမျိုးဖြင့် ဆက်လက် ချော့​မော့ပြောဆို​နေသည်။

ဆုနို အသံတိုးတိုးဖြင့် လှောင်သံပြုလိုက်ရင်း မကြာ​သေးခင်က မက်ထားတဲ့အိမ်မက်ကို သွားသတိရလိုက်​မိသည်။

ရင်သားကြီးကြီးရှိတာ​က ဘာလုပ်လို့ရလို့လဲ?ငါ့မှာလည်း ရှိတာပဲ!

"မင်း အခုချက်ချင်းမထ​သေးဘူးဆိုရင် ချိုးကျီယန် က မင်းအလုပ်​တွေကို ခိုးယူသွားလိမ့်မယ်​နော်!"

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now