1.5

1.6K 198 2
                                    

Unicode

ချန်ရှို့ဟာ ရုတ်တရက်အဖက်ခံလိုက်ရလို့ ကြောင်အနေပြီး ချက်ချင်းမတုန့်ပြန်နိုင်ခင် စိတ်ထဲအသံတစ်သံကို ကြားလိုက်ရသည်

[ host ဇာတ်လိုက်မက ဟော်ရန်လွဲ့ကို ချိန်နေပြီ ]

' အော် အင်း '

ရှောင်ချင်းရဲ့ သတိပေးသံအဆုံး သူ့ရှေ့ကလူကို အာရုံစိုက်လိုက်သည်

'' ဟို...လွှတ်ပေးအုံးလေ ''

ထိုအခါမှ ဟော်ရန်လွဲ့လည်း ဖက်ထားနေရာမှာ လွှတ်ပေးလိုက်တော့ ချန်ရှို့က ဆက်ပြောလိုက်သည်

'' ဂေဟာမှူး ....အဲ မဟုတ်ဘူး...အမ်....ဒီက...''

ဘယ်လိုခေါ်ရမလဲ မသိဘဲ အခက်တွေ့တဲ့ပုံစံနဲ့ သူ့ရှေ့ကကောင်လေးကို ပြုံးကြည့်နေကာ နောက်မှ

'' ကိုယ့်နာမည် ဟော်ရန်လွဲ့ပါ... ကြိုက်သလိုခေါ်လို့ရတယ် ''

'' ဟုတ်...ဟို... အကိုရန်လွဲ့ ကျနော်မနေ့က မမယန်ရင်းအိမ်မှာ စာလုပ်ရင်း တစ်ခါတည်း အိပ်သွားတာပါ အကိုရန်လွဲ့က စိတ်ပူမယ်မှန်းမသိလို့ပါ ''

''အဲ့လိုဆိုလည်း ဖုန်းဆက်ပြောပေါ့ ''

'' ကျနော့်မှာ ဖုန်းမှမရှိတာ ''

'' သိတယ် ကိုယ်ပြောက တခြားသူရဲ့ဖုန်းဖြစ်ဖြစ်ငှားလေ ''

'' ငှားရင်လည်း ကျနော်က ဘယ်ကိုဆက်ရမှာလဲ ဂေဟာက ဖုန်းနံပါတ်မှ မသိတာ ''

သူတစ်ခုပြောတိုင်း တောက်လျှောက်ဆင်ခြေပြောလာတဲ့ သူလေးကြောင့် ဟော်ရန်လွဲ့တစ်ယောက် အလျှော့ပေးလိုက်ရသည်

'' ဟူး.. ဒါဆိုလည်း ''

'' ဒါနဲ့ အကိုရန်လွဲ့က ဘာလို့လူတွေအများကြီးနဲ့ ကျောင်းကိုလာရတာလဲ ကိစ္စရှိလို့လား ''

ရိုးသားစွာမေးလာတဲ့ ချန်ရှို့ကိုကြည့်ပြီး ဟောရန်လွဲ့လည်း ရှင်းပြတော့သည်

'' မဟုတ်ဘူး... မနေ့က မိုးချုပ်တဲ့ထိ အားရှို့က ပြန်မလာတော့ ကိုယ်လည်း စိုးရိမ်သွားပြီး ဂေဟာအနီးတဝိုက်ကို လိုက်ရှာတာလေ ကိုယ်ထင်တာ အရင်ကလို ပြန်ထွက်သွားတာလို့ထင်တာကြောင့် အနီးနားပဲရှာတာ....မတွေ့တော့ ဂေဟာနဲ့ဝေးတဲ့နေရာတွေပါ ရှာပေမယ့်လဲ ဘယ်မှာမှ မတွေ့တာကြောင့် နောက်ဆုံးကိုယ့်အိမ်ပြန်ပြီး ကိုယ့်လူတွေနဲ့ တစ်ညလုံးရှာလာတာလေ မိုးလင်းတော့ နောက်ဆုံး ကျောင်းကို သွားကြည့်မယ်ဆိုပြီး ကျောင်းကို လာတော့ အားရှို့ကိုတွေ့မှ စိတ်အေးနိုင်တော့တယ် ''

Changing Female lead ( System) Where stories live. Discover now