2.4

321 46 3
                                    

Unicode

Jone နဲ့ Denny လည်း စားသောက်ဆိုင်က ထွက်လာပြီး အိမ်ပြန်လာတဲ့ တစ်လျှောက်လုံး Jone ရဲ့ မျက်နှာထားတည်တင်းပြီး ဒေါသထွက်နေပုံကြောင့် ဘေးနားက Denny မှာတော့ ချွေးတွေပြန်နေပြီး လှုပ်တောင်မလှုပ်ရဲတော့ပေ

အိမ်ရောက်တော့ Jone မှာ ဘာမှမပြောပဲ အိမ်ထဲဝင်သွားတာကြောင့် နောက်ကနေ အပြေးလိုက်လာရပြန်သည်

Jone Milton မှာ ဘာမှ မပြောပဲ ရှေ့က ဦးဆောင်သွားရင်း အခန်းတစ်ခုထဲကို ဝင်လိုက်တယ်

Denny လည်း နောက်က လိုက်လာရင်း သူဝင်သွားတဲ့ အခန်းကို ကြည့်တော့ တံခါးတွင် ရေးထားသည်က ' အပြစ်ပေးခန်း ' ဟူ၍ပင်
သူလည်း တွန့်ဆုတ်တွန့်ဆုတ်နဲ့ အခန်းထဲကို ဝင်သွားတော့တယ်

အခန်းထဲတွင်တော့ ပစ္စည်းအမျိုးမျိုးရှိပြီး သူမြင်ဖူးတာရော မမြင်ဖူးတာတွေရော စုံလို့
ညာဘက်ထောင့်မှာတော့ စားပွဲတစ်ခုနဲ့ ထိုပေါ်မှာတော့  ဓားတိုအမျိုးအစား​ပေါင်းစုံနဲ့ ကြာပွတ်တွေ ကတ်ကြေးတွေ ဆူးချွန်တွေအပြည့်နဲ့ကြာပွတ်တွေနဲ့ နောက်ထပ် မြောက်မြားစွာသော ပစ္စည်းတွေရှိပြီး ထိုစားပွဲရှေ့တွင်တော့ ထိုင်ခုံတစ်လုံး ရှိနေသည်

အခန်းရဲ့ ဘယ်ဘက်ထောင့်မှာတော့ တိုင်လုံးတစ်နှစ်ခုနဲ့ သံကြိုးတွေ တွဲလျက်ရှိပြီး ဘေးမှာတော့ တောက်လောင်နေတဲ့ မီးသွေးတွေနဲ့ သံချောင်းပူတွေ ရှိနေသည်

အပြစ်ပေးခန်း ဆိုမှတော့ အဲ့ဒီဟာတွေရှိတာ ဘာမှ ထူးဆတ်းတာ မရှိပါဘူး ထူးဆန်းတာက အခန်းရဲ့ အလယ်မှာ ရှိတဲ့ အရာပဲဖစ်တယ်
အဲ့ဒါကတော့ မှန်တွေနဲ့ ပြုလုပ်ထားပြီး အထဲကို တိုက်ရိုက်တွေ့လို့ရတယ် အဲ့ဒီမှန်ထဲမှာ ရေတွေအပြည့်ရှိပြီး ရေကလွဲပြီး တခြားဘာအရာမှ မရှိ
မှန်ဟာ အခန်းရဲ့ သုံးပုံတစ်ပုံလောက်ရှိတာကြောင့်
ကြည့်လိုက်ရင် အဲ့ဒါက မှန်တွေနဲ့ ပြုလုပ်ထားတဲ့ ရေကူးကန်နဲ့ တူနေတော့တယ်

'' လာလေ Denny အဲ့မှာ ဘာရပ်လုပ်နေတာလဲ? ''

မှန်တွေနဲ့ကာထားတဲ့ ရေတွေကို အထူးအဆန်းကြည့်နေတုန်း Jone Milton ဆီမှ အေးစက်တဲ့အသံကြားလိုက်တာကြောင့် Denny ရဲ့ ကိုယ်လေး တစ်ချက်တုန်တက်သွားပြီး ကြောက်ကြောက်နဲ့ Jone ဆီကို သွားလိုက်တယ်

You've reached the end of published parts.

⏰ Last updated: Apr 24, 2023 ⏰

Add this story to your Library to get notified about new parts!

Changing Female lead ( System) Where stories live. Discover now