1.17

1.3K 154 1
                                    


Unicode

နောက်တစ်နေ့ မနက်ရောက်တော့ ပုံမှန်အတိုင်းပဲ ချန်ရှို့လည်း လုပ်စရာရှိတာလုပ်နေတယ် ခဏကြာတော့ သူ့ဖုန်းဟာ မြည်လာပြီး ကိုင်လိုက်တော့ တစ်ဖက်က ပြောလာတဲ့ အရာကြောင့် အံ့သြသွားသည်

ထို့နောက် သူ့အခန်းထဲက ထွက်လာပြီး ဟော်ရန်လွဲ့ရဲ့ စာကြည့်ခန်းတံခါးရှေ့ရပ်လိုက်တယ်

* ဒေါက် ဒေါက် *

ဟော်ရန်လွဲ့တစ်ယောက် သူ့စာကြည့်ခန်းတံခါးဟာ လူတစ်ယောက်က လာခေါက်တာကြောင့် စိတ်ရှုပ်နေတဲ့ကြားထဲ လာနှောက်ယှက်နေတာကြောင့် လေပြင်းတစ်ချက်မှုတ်ထုတ်ပြီး ပြောလိုက်တယ်

'' ဘယ်သူလဲ! ငါ့ကို မနှောက်ယှက်နဲ့ ပြောထားတာကို!! ''

အခန်းထဲက အသံမာမာနဲ့ ပြန်ပြောလာတာကြောင့် အပြင်ဘက်က ချန်ရှို့မှာ ကိုယ်လေးတုန်သွားသည်

'' ဟို...အဲ့..အဲ့တာဆို ကျနော် မနှောက်ယှက်တော့ပါဘူး ''

'' အမ်...အားရှို့လား? ကိုယ်အလုပ်မရှုပ်ပါဘူး လာလာ အထဲဝင်လေ ''

ချန်ရှို့အထဲဝင်တော့ တံခါးနားမှာ ကုပ်ကုပ်လေးရပ်ပြီး ဘာမှမပြောတာကြောင့် ဟော်ရန်လွဲ့ကပဲ စပြောလိုက်တယ်

'' အားရှို့ အဲ့မှာပဲ ရပ်မနေနဲ့လေ လာဆိုဖာပေါ် ထိုင်ရအောင်''

'' အင်း ''

'' ကဲ ပြော အားရှို့ ဘာကိစ္စလဲ? ''

'' ဟို... မမယန်ရင်း နေမကောင်းဖြစ်ပြီး ဆေးရုံမှာ နေလို့ ကျနော်..သွား....''

'' မရဘူး!! ''

'' ...... ဘာလို့လဲ? ''

'' သူက အားရှို့အပေါ် ဘာတွေ လုပ်တာလဲ ဆိုတာရော သိရဲ့လား? ''

'' သိ..သိတယ်လေ ''

'' သိတယ်? ဒါဆို ဘာလို့ သူမအနားနေနေသေးတာလဲ ''

'' သူမလည်း အမြင့်တက်ချင်တာကို သူမအကြံနဲ့ နေမှာပေါ့ ''

'' ဘာ!!! အဲ့ဒါဆို အဲ့ကောင်မ အမြင့်ကိုရောက်ဖို့ တခြားလူတွေက သေပေးရမှာပေါ့ ''

'' မ..မဟုတ်ဘူးလေ...သူမ ခနတာစိတ်ရှုပ်ပြီး မဟုတ်တာလုပ်သွားတာနေမှာပေါ့ အဲ့တာကြောင့် အခုသူမဆီသွားပြီး စကားသွားပြောကြည့်မလို့ ခွင့်ပြုမယ်မလား... နော်...''

Changing Female lead ( System) Where stories live. Discover now