[3]

6.3K 1.2K 20
                                    

[Unicode]

အခန်း(၃):ကြွေကျမြေခသွား​သော ဂုဏ်သိက္ခာနှင့် ဂန်းဘော့စ်များ

မိနစ်အနည်းငယ်အကြာမှာ​တော့ အိုးရန်လုံသည် တံခါးကိုတွန်းဖွင့်ရင်း ဝင်လာခဲ့သည်။
"စောင့်ခိုင်းလိုက်ရတဲ့အတွက် တောင်းပန်ပါတယ်ဗျာ"

"ဒါရိုက်တာအိုးရန်က​တော့ အရမ်းယဥ်​ကျေးနေပြန်ပါပြီ " သူ့မန်​နေဂျာသည် လိုအပ်သည့်လုပ်ရိုးလုပ်စဉ်အတိုင်း မတ်တပ်ထရပ်လိုက်ရင်း နှုတ်ဆက်လိုက်သည်။ဆုနိုသည်လည်း သူ့အတိုင်း လိုက်လုပ်ကာ အ​ရှေ့ရှိလူကို နူးညံ့သိမ်​မွေ့​သော မျက်လုံးများဖြင့်ကြည့်လိုက်၏။မာနကြီးပြီး စွဲမက်ဖွယ်ကောင်းတဲ့ အဖြူရောင်ပန်းလေးတစ်ပွင့်အဖြစ် သူ့ကိုယ်သူပုံဖော်ဖို့ အပြင်းအထန်ကြိုးစားနေလိုက်သည်။

အမှန်အတိုင်းပြောရရင် အ​ဝေးကမှုန်ဝါး​နေ​သော​ကြောင့် မျက်ကန်းအတိုင်းပင်။ဘာမှသဲသဲကွဲကွဲ မမြင်ရ​သဖြင့် စိတ်ထဲမှာတော့ ငို​ကျွေး​နေမိပြီ။

ဒါ​ပေမယ့်လည်း ဆုနို၏သရုပ်​ဆောင်စွမ်းရည်မှာ ပါရမီအဆင့်ဖြစ်​သော​ကြောင့် ယခု သူ ဘာမှမမြင်ရရင်​တောင်မှ သူ့ရဲ့တော်ဝင်ဆန်လှ​သော ပုံရိပ်မှာ ကျဆင်းသွားလိမ့်မည်မဟုတ်​ပေ။ဒါ့အပြင် ပြင်ထားသည့် melancholic ပုံစံ​လေးနဲ့ပါ ထပ်ဖြည့်လိုက် သောအခါ နှစ်လိုဖွယ်ရှိပြီး အထက်တန်းကျကျ ပုံစံ​လေးနှယ် ဖြစ်သွား​တော့သည်။

မန်​နေဂျာသည် သူ့မျက်လုံး​ထောင့်က​နေ လှမ်းခိုးကြည့်လိုက်​ရာ ပိုလို့တောင် စိတ်​ကျေနပ်သွားရ​တော့သည်။

"Hello.....မစ္စတာဆု " အိုးရန်လုံသည် မန်​နေဂျာကို လက်ဆွဲနှုတ်ဆက်ပြီး​သောအခါ ဆုနိုဘက်သို့ အပြုံး​လေးဖြင့် နှုတ်ဆက်လိုက်ရင်း လက်လှမ်းလိုက်သည်။

"Hello....."

သူတို့နှစ်​ယောက်ကြားတွင် စားပွဲတစ်ခုရှိ​နေပြီး ဆုနို မှာ အ​ရှေ့က မြင်ကွင်းကို သဲသဲကွဲကွဲ မမြင်ရ​ပေ။ ဒါ​ပေမယ့် အသံကို​တော့ ရင်းရင်းနှီးနှီးကြားဖူးသလိုရှိသည်။ပြန်စဥ်းစားကြည့်ပြန်​တော့ ဒီမတိုင်ခင်ကပဲ တွေ့ဖူးတာလား? မဂ္ဂဇင်း ဒါမှမဟုတ် ချန်နယ် တစ်ခုက လုပ်တဲ့ အင်တာဗျူးမှာပဲ အလုပ်အတူတူတွဲလုပ်ဖူးလို့ပဲတွေ့ဖူးတာလား? မသေချာပေ။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now