Villain(or)reborn Ending Unicode

6K 447 20
                                    

မီးလုံးတစ်လုံးတည်းသာ ထွန်းညှိထားတဲ့
အခန်းထဲမှာ ပစ္စည်းပစ္စယာများက အလဲလဲ၊အကွဲကွဲ။တစ်ချက်၊တစ်ချက် ထိုထွန်းညှိထားတဲ့ မီးလုံးဟာလည်း မှိတ်လိုက်၊ ပွင့်လိုက်နှင့်ပင်။ထို့ပြင် ဖန်ကွဲစတွေ ကြားထဲမယ် မိန်းမလှလေး တစ်ယောက်က ပက်လက်လှန်ကာ ခြောက်ခြားဖွယ်ရာ ရယ်သံလွင်လွင်ကို ထုတ်ဖော်နေခဲ့သည်။သူမရဲ့လက်ကောက်ဝတ်သည်ကား သွေးစတစ်ချို့
က ခြောက်ကပ်စပင် ပြုနေလေသည်။
သူမ မျက်နှာဟာ အတော်လေးကို ဖြူဖျော့ဖျော့ နိုင်နေလျက်။သူမဟာ တစ်ခြားသူ မဟုတ်။မြယွန်းမြတ်ပင်တည်း။

သူမရဲ့ ဖခင် ဦးထွန်းမြတ်သည်လည်း မကြာသေးခင်ကမှ ပစ်မှုပေါင်းများစွာနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျသွားလေပြီ ဖြစ်သည်။ဖခင်ဖြစ်သူဟာ သူမ ကျူးလွန်ထားတဲ့ အပြစ်တွေပါ ခေါင်းခံယူလျက်။
သူမဖခင်ရဲ့ အကြွေးများစွာကြောင့် ရှယ်ယာများသည်လည်း ဆုံးရှုံးကာ သူမဟာ တစ်ခဏအတွင်း အထည်ကြီးပျက်ပင် ဖြစ်သွားရ ရှာလေသည်။အဆုံးသတ်၌ သူမဟာ အခွံလွတ်တစ်ခုသာသာ။သုံးစားမရတဲ့ အမှိုက်ပင် ဖြစ်ချေတော့သည်။

သူမဟာ မနာလိုမှုအပေါင်းကို သရဖူဆောင်းကာ ဆန်နီကို စေရိုးရာရဲ့ လက်ငှား၍ နှိပ်စက်ခဲ့ဖူးသည်။သူမ မျက်စိရှေ့အောက်တွင် ကြီးပြင်းလာခဲ့သည့် သက်တံ့လွင်ကို သတ်ပစ်ရန် စေခိုင်းခဲ့ဖူးသည်။ သူမကို ချစ်ပါသည် ဆိုသည့် စေရိုးရာကိုပင် ဖျက်စီးဖို့ ကြံရွယ်ဖူးခဲ့ လေသည်။အဆုံးသတ်၌ သူမကသာ ဘဝတစ်ခုလုံး ပျက်စီးသွားခဲ့ရ ရှာလေပြီ ဖြစ်သည်။

သူမဟာ ငယ်ရွယ်စဥ်အခါက ဖခင်၏ ဆုံးမစကား တစ်ခွန်းကို ပြန်လည်ကြားယောင်မိလေသည်။"မရနိုင်တဲ့အခါ၊ဖျက်စီးပစ်လည်း ဖြစ်တယ်"။သူမဟာ ဘာကိုမှ အသေချာ
မလိုချင်ခဲ့သည်တိုင် ဖခင်နှင့်အတူ 
ရောရောင်ကာ လူတစ်ချို့အား ပျက်စီးစေချင်ခဲ့သည်ပင်။သူမဟာ ဖခင်၏ ချစ်ခြင်းမေတ္တာများကို လိုချင်ခဲ့သည် ဖြစ်၍ ဖခင် ဖြစ်စေချင်သည့် အရာများကို ဦးဆောင်ပေးခဲ့ရသည်ပင်။သူမဟာ မလိုချင်ခဲ့သည့်တိုင်
ဖျက်စီး ပစ်ဖို့ရာ ဘယ်တော့မှ ဝန်မလေးခဲ့ပါ။
အကြောင်းပြချက်ပေးပါ ဆိုရင် ဖခင်ဖြစ်သူ
၏ အလေးပေးမှုကို လိုချင်ခဲ့ခြင်း တစ်ခုတည်းသာတည်း။

Villain(or)reborn(Completed)Tempat cerita menjadi hidup. Temukan sekarang