[4]

6.1K 1.2K 16
                                    

[Unicode]

အခန်း(၄):သချ်ာညဏ်ကြီးရှင်နှင့် စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှု

ဆုနို မော်ဒယ်လောကထဲသို့ မ၀င်ခင်၌
သူ့နာမည်မှာ ဟန်ရီဖြစ်ပြီး သူ့အစ်ကိုနာမည်ကတော့ ဟန်​ဝေဖြစ်၏။

လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုခန့်၌ သူတို့ရဲ့မိဘတွေသည် ကားတိုက်မှုတစ်ခုကြောင့် သေဆုံးသွားခဲ့ရသည်။
သူတို့မိဘ​တွေ ရက်လည်ပြီး ရက်အနည်းငယ်အကြာမှာပဲ သူ့ဦး​လေး​တွေနှင့်အမျိုး​တွေကြောင့် သူတို့ရဲ့ ကံကြမ္မာမှာ တစ်ဖန်ပြောင်းလဲခဲ့ရပြန်သည်။

အဲ့အချိန်တုန်းက အသက် ၂၀ သာသာပဲ ရှိ​သေးတဲ့ ဟန်​ဝေသည် တာဝန်နှင့်အရှက်တရားတွေကို ပုခုံး​ပေါ်ထမ်းတင်ခဲ့ရသည်။ငွေအနည်းငယ်သာ လက်ဝယ်ရှိခဲ့ပြီး သူ့ညီငယ်လေးနှင့်အတူ တောင်ဘက်မှာရှိတဲ့ သူတို့ရဲ့ဦးလေးတစ်​ယောက်ဆီမှာ ပုန်းအောင်းနေခဲ့ရသည်။အဲ့အချိန်တုန်းက ဆုနိုက​တော့ အရမ်းငယ်ရွယ်သေးတာကြောင့် အသေးစိတ်ကို​တော့မမှတ်မိတော့ပေ။သူသိတာတစ်ခုက​တော့ သူတို့ ဦးလေးရှိရာကိုရောက်ပြီး သိပ်မကြာခင်မှာပဲ သူ့အစ်ကိုက သူတို့ရဲ့ပင်မအိမ်ကို ပြန်သွားခဲ့ရပြီး သူတို့ ၂နှစ်လုံးလုံး ကွဲကွာသွားခဲ့ရတာကိုပဲ မှတ်မိ​နေတော့၏။

ဆုနို သူတို့၏ကိုယ်ပိုင်အိမ်ကို တရားဝင်ပြန်​ရောက်လာတဲ့အခါမှာ​တော့ ဟန်ဝေရဲ့စီးပွား​ရေးအခြေအ​နေမှာ ထိုအချိန်ကသူတို့ရဲ့ဖခင်ထက်ပင် သာလွန်နေပြီဖြစ်သည်။

ထို့ကြောင့် ဆုနို စိုးရိမ်​ကြောင့်ကြမှုမရှိဘဲ တက္ကသိုလ်၌ ဘွဲ့ဆက်ယူကာ သူရဲ့လွတ်လပ်မှုရှိတဲ့ဘ၀မှာ ဆက်လက်နေထိုင်ခဲ့သည်။သူ့အစ်ကိုကြီးရဲ့အလို​​လိုက်ပေးမှုတွေအောက်မှာ သူ မော်ဒယ်လောကထဲကို တိုက်ရိုက်၀င်ခဲ့၏။သူကိုယ်တိုင်ကလည်း အိမ်က ကိစ္စ​တွေနဲ့ ပတ်သက်ပြီး စိတ်မ၀င်စားချေ။အခြားတဖက်အ​နေနဲ့လည်း ဟန်ဝေက သူကိုဒီလိုကိစ္စ​တွေနဲ့ ပတ်သတ်​ခွင့် မပြုထားသည်ကိုလည်း သူ သ​ဘော​ပေါက်နားလည်ထားမိသည်။

ဟန်ဝေရဲ့ရုံးခန်းဘေး၌ ကြီးမားတဲ့ ထိန်းချုပ်ရေးစင်တာတစ်ခုကို တည်​ဆောက်ထား၏။အထဲမှာ​တော့ အရွယ်အစားအမျိုးမျိုးရှိတဲ့ မော်နီတာများစွာရှိပြီး သူတို့လက်အောက်မှာရှိတဲ့ ကာစီနိုဝိုင်း​တွေရဲ့နေရာတိုင်းနီးပါးကိုပါ စစ်​ဆေးနိုင်ရန် ချိတ်ဆက်ထားသည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now