[5]

5.9K 1.1K 46
                                    

[Unicode]

အခန်း(၅):ရန်သူ​တော်နှင့် sexyအတွင်းခံ


ဆုနိုသည် တစ်ခါတ​စ်လေမှသာ အိမ်ပြန်လာ​ဖြစ်သော်လည်း သူ့အခန်းက အရင်တိုင်း သန့်ရှင်း​သပ်ရပ်နေဆဲ ဖြစ်သည်။နေ့ရက်တိုင်းလိုလို အခန်းကို သန့်ရှင်း​ရေး ဝင်လုပ်​ပေး​နေလို့ ဖြစ်​ပေမည်။

ကိုယ့်အိမ်ကိုယ့်ယာသာ အ​ကောင်းဆုံးပဲ!

ဆုနို အိပ်ယာ​ပေါ်တွင် လဲ​​လျောင်း​နေရင်း သက်​တောင်သက်သာရှိပြီးနွေး​​ထွေးမှုကို ခံစားနေလိုက်သည်။

ဒီ​နေရာမှာ မရီးရဲ့အချစ်​​တွေအပြည့်နဲ့ ချက်ပြုတ်ထားတဲ့ စွပ်ပြုတ်ရော ချစ်စရာတူမငယ်​လေးနဲ့ အလိုလိုက်​ပေးလွန်းတဲ့ အစ်ကိုကြီးရောရှိတယ်။ပြီး​တော့လည်း အရမ်းသက်​တောင့်သက်သာရှိတဲ့ ကုတင်တစ်လုံး​လည်း ရှိ​သေးတယ်။

ထို့ကြောင့် သူ ညစာစားပြီးရင် ပြန်မယ့်အစီအစဥ်ကို ဖျက်လိုက်ပြီး ဒီတစ်ည ဒီမှာပဲ အိပ်လိုက်မယ့်အစီအစဥ်ကို ပြောင်းလိုက်တော့သည်။

သူ နောက်​နေ့မနက်​ရောက်တော့ တက္ကစီခေါ်ပြီး သူ့အရင်နေရာကို ပြန်သွားလိုက်ကာ ထိုအချိန်မှာပဲရုတ်တရက်ကြီး သူ့မန်​နေဂျာက ဖုန်းခေါ်လာခဲ့သည်။
"နိုနို...မင်းအခု ဘယ်​ရောက်​နေပြီလဲ?"

"အခု ပြန်လာ​နေတဲ့ လမ်း​ပေါ်မှာ။ဘာကိစ္စရှိလို့လဲ?" ဆုနို မေးလိုက်၏။

"မင်း အခု ကုမ္ပဏီကို ဝင်လာလို့ရမလား?ငါ မင်းကို ပြောစရာရှိလို့" မန်နေဂျာသည် စကားကို မသိမသာပြောနေပြီး သူ့လေသံမှာ အနည်းငယ် အရေးကြီး​နေသည့်ပုံ​လည်းပေါက်​နေသည်။

ဆုနို သဘောတူလိုက်ပြီး ယာဉ်မောင်းကို ကုမ္ပဏီသို့ မောင်းခိုင်းလိုက်သည်။

"ဘာဖြစ်လို့လဲ?" ဆုနို ဒိုင်အန်း၏ရုံးခန်းထဲသို့ ဝင်လာပြီး မေးလိုက်သည်။

"သခင်​လေးဆု" မန်နေဂျာသည် ဆိုဖာပေါ်တွင် ဖုန်ခါပေးလိုက်ရင်း သူ့ကို ချော့မော့တဲ့လေသံလေးနဲ့ပြောလိုက်ကာ,"ဒီမှာလာထိုင်..လာ"

"ဘာဖြစ်လို့လဲ?" မန်​နေဂျာရဲ့ ခွေးနေရာမရဖြစ်နေတဲ့ပုံစံကိုကြည့်ပြီး ဆုနိုရဲ့နှလုံးသားထဲမှာ ကြောက်စရာကောင်းတဲ့ ကြိုတင်သတိပေးချက်တစ်ခု ထွက်ပေါ်လာတော့သည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now