ဇာမ်လဲ ကိုကိုရှိတဲ့နေရာကိုသိတာနဲ့ ကားသော့ကိုယူကာအိပ်အောက်အမြန် ပြေးဆင်းလာခဲ့သည်။အလျှင်လိုနေသည်နဲ့ မေမေ့မေးစကားတောင်သေချာပြန်မဖြေလိုက်ရ...
"ဇာမ် ဒီချိန်ကြီးဘယ်သွားမလို့လဲ"
"မေမေခဏ မကြာဘူး"
ပြောပီးသည်နဲ့ဂိုဒေါင်ထဲက ကားကိုထုတ်ကာ Paradiseဘားသို့ ဦးတည်ကာ အမြန်မောင်းခဲ့သည်။ဆိုင်ထဲ၀င်သွားလိုက်တော့ အတွင်းဘက်နည်းနည်းကျတဲ့နေရာမှာ ကိုကိုနဲ့သူ့သူငယ်ချင်းများ..."ဟိုကျွန်တော် ကိုကို့ကိုလာခေါ်တာ"
"အော်ဇာမ်"
"သိလားနန်း သူ့ကိုနင်ရော"
"နှောင်းတပည့်လေ နှောင်းကိုသေချာအပ်ပါတယ်နော်"
"ဟုတ်ကဲ့"
တာ၀န်အရပြန်ဖြေပီးသည်နဲ့
"ကိုကို ထတော့လေ၊ပြန်ရအောင်"
"အမ်းးး"
အိပ်နေရာကမထပဲပြန်ဖြေတဲ့ကလေးပေါက်ကြောင့် ဇာမ်ကိုယ်တိူင်ကိုကို့ကိုချီပီးကားပေါ်သယ်သွားဖို့ ပြင်လိုက်သည်။
"ခွင့်ပြုပါဦးဗျ"
နှုတ်ဆက်ပီး ဆိုင်ထဲကထွက်အလာ ကားနားရောက်နောက်ကအော်ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့...
"ဟိုမင်းနှောင်းအိမ်လိပ်စာမသိမှာဆ်ုးလို့တို့လိုက်လာတာ နှောင်းအိမ်က.."
စကားမဆုံးခင်ဖြတ်ပြောလိုက်တဲ့ဇာမ့်ကြောင့် နန်းအံ့သြသွားသည်။ပိုအံ့သြဖို့ကောင်းတာက သူ့အိမ်ကို ဘယ်သူမှသိပ်မပြောပြတဲ့ နှောင်းကို ဇာမ့်ကိုပြောပြဖူးသည်တဲ့လား၊နှောင်း နင်ဇာမ့်ကိုတကယ် တပည့်ထပ်မပိုတာသေချာရဲ့လားဟာ...
"ကျွန်တော်သိတယ် မနန်း"
"အာဒါဆိုဟုတ်ပါပီ သေချာလေးဂရုစိုက်ပေးပါဦး"
ပါးစပ်ကပြန်မဖြေပဲ ခေါင်းငြိမ့်ပီးထွက်သွားတဲ့ဇာမ်....
ကိုကို့ကို Lover seatမှာချပေးပီး ခါးပတ်သေချာပတ်ပေးလိုက်သည်။ထို့နောက် ကိုကိုအေးမှာဆိုး၍ လေအေးလျှော့ကာ လေနွေးဘက်ပြောင်းထားလိုက်သည်။ကားနောက်ခန်းထဲမှာပါတဲ့စောင်ကို ထုတ်ကာ နှောင်းကိုလည်းခြုံပေးထားလိုက်သေး...
YOU ARE READING
မောင့်နှောင်းငယ် (Complete)
Romanceမောင့် အချစ်က ဘယ်က စတင်မှန်းမသိ ကိုကို့ရဲ့ ဂျုတီကုတ်အဖြူလေးနဲ့ လိုက်ဖက်လွန်းတဲ့ အသားဖွေးဖွေးလေးကိုလား ဆေးထိုးအပ်ကိုင်တဲ့ လက်လှလှလေးတွေကိုပဲ စွဲလမ်းမိသွားတာလား လူနာတွေကို ဂရုတစိုက် ကြည့်ရှုပေးတတ်တဲ့ မျက်ဝန်းလှလှလေးတွေလား ကျွန်တော့်အချစ်က အစမရှိ အဆုံး...