Ep-29 uni

819 59 9
                                    

မနက်ဖြန်ဆို ဇာမ်နဲ့နှောင်းတို့ ချစ်သူသက်တမ်း၁နှစ်ပြည့်တော့ပေမည်။၁နှစ်လုံး ဆိုးအတူ ကောင်းအတူဖြတ်သန်းခဲ့ကြရသည်။၁နှစ်တာအတွင်း ကြီးကြီးမားမားရန်ဖြစ်ဖူးရယ်လို့တော့မရှိ၊နှောင်းနေမကောင်းတုန်းကတစ်ခါသာရန်ဖစ်ခဲ့ကြသည်။ဤသည်လည်း ဇာမ်မင်းဆက်ရဲ့သ၀န်တိုမှုတွေသာဖြစ်သည်။စကားများကြတာတွေတော့ရှိပေမယ့် သူ့ဘက်ကိုယ့်ဘက် အလျှော့ပေးခဲ့ကြသည်။တစ်ယောက်ဒေါသထွက်လျှင် တ်ယောက်လျှော့ကြသည်။စိတ်ဆိုးတဲ့အခါ ဘယ်သူက ချော့ရမယ်လို့မသတ်မှတ်ထားပဲ နှစ်ယောက်စလုံးချော့ကြသည်။သူတို့ ဆက်ဆံရေးကလွတ်လပ်သည်။
အပြည့်အ၀ပျော်ရသည်။၀မ်းနည်းနေတဲ့အခါမှာ မိဘတစ်ယောက်လိုမျိုး နွေးထွေးမှုပေးသည်။သူငယ်ချင်းတစ်ယောက်လိုမျိုး လွတ်လွတ်လပ်လပ် ဆိုးအတူကောင်းအတူ တိုင်ပင်သည်။ညီကိုနှစ်ယောက်လိုမျိုး စကားများသည်။ဇာမ်မင်းဆက်က မျက်နှာပြောင်လို့ နှောင်းစိတ်ဆိုးတာတွေလဲ အခေါက်ပေါင်းမနည်း။နောက် ချစ်သူတွေလိုမျိုး ချစ်ခြင်းမေတ္တာတွေနဲ့ ကာကွယ်ပေးသည်။၀မ်းနည်းနေတဲ့အခါ အနားမှာရှိနေတာကလဲ သူဖြစ်သလို၊ကိုယ်ပျော်နေတဲ့အခါ ကိုယ့်ဘေးကလူကလဲသူပါပဲ။

လူ့လောကအကြောင်းကို စတင်သိခွင့်ရလာတဲ့အချိန်မှာ ကျနော်က ရင်ခွင့်မဲ့ကလေးတစ်ယောက်အနေနဲ့ ပထမခြေလှမ်း စတင်တယ်၊ အနားကလူတိုင်းကို တန်ဖိုးထားတယ် မြတ်နိုးတယ်၊ ကျနော်တန်ဖိုးထားသလောက် ကျနော့်အပေါ်တန်ဖိုးထားတတ်တဲ့သူက ရှားပါးရင်းနဲ့ ဒုတိယခြေလှမ်းဆက်တယ်။ သည်းခံမှုဆိုတာအဲ့ဒီကစတယ်။ ဂေဟာက မောင်နှမတွေက ထမင်းမဝဘူးတဲ့ ကျနော့်ပန်းကန်ထဲကနေ မျှကျွေးခဲ့တယ် သူတို့ကိုထမင်းထပ်ပေးဖို့တောင်းဆိုတယ်။ အတွန့်မတက်ပဲ ဆက်စားဖို့ပြန်ကြားရတဲ့အခါ ကျနော့်ပန်းကန်ထဲက ထမင်းတွေက အကုန် ဂေဟာကမောင်နှမတွေအတွက်ပဲဖြစ်ခဲ့တယ်။ အစားမက်အဆော့မက် အရုပ်တွေမက်တဲ့အရွယ်မှာ အလှူရှင်တွေလှူပေးကြတဲ့ အင်္ကျီကောင်းကောင်းလေးတွေ ကျနော်လိုချင်မက်မောခဲ့တာ။ငိုတတ်တဲ့ကလေးကိုပဲ လူတွေသတိထားမိကြတာမလား။ မက်မောနေရုံကနေလွဲလို့ ကျန်တာ မရခဲ့ပါ။ စုံညီပွဲမှာ သူငယ်ချင်းတွေက မိဘလက်ကို ကိုယ်စီဆွဲလို့ပြုံးပျော်နေချိန် ကျနော်ကဆုယူရင်း ကျောင်းဆရာဆရာမတွေကို ခေါင်းညွှန့်နှုတ်ဆက်နေရုံမှတစ်ပါး။ ကျနော့်အပေါ် အမေတစ်ယောက်လိုမေတ္တာမပေးနိုင်ရင်တောင် ပညာအမွေတွေပေးခဲ့တဲ့ ဂေဟာမှူးဟာ ကျနော်လောကကြီးကို မျက်ကွယ်ပြုတတ်နေတဲ့အချိန်၊ မက်မောတွယ်တာမိတဲ့အရာတွေ ကုန်ဆုံးသွားတဲ့ တတိယခြေလှမ်းလျှောက်နေချိန်မှာ လောကထဲကနေ ထွက်ခွာသွားပြီ။ ကျနော့်ဘဝမှာ ကျနော်သာလျှင် ကျနော့်အားကိုးရာ ကျနော့်မှီခိုရာသာ။ အချစ်ကို ခံစားမိတဲ့အချိန် နှလုံးသားရဲ့နွေးထွေးမှုကို သိမြင်လာတဲ့အချိန်မှာ သိမ်ငယ်မှုများစွာက ကြီးစိုးလို့။ သူက ဟိုးအမြင့်ကမင်းသားလေး ကျနော်ကသာမန်ထက်မပို။ ဘဝတစ်လျှောက်လုံးလစ်ဟာခဲ့တာ ဂရုစိုက်မှုတွေ မေတ္တာတွေကို ထိုလူသားက လိုသည်ထက်ပို၍ ပေးနိုင်ခဲ့တဲ့အခါ ကျနော်သူ့ကို မက်မောမိတာ လောဘမကြီးဘူးမလား။ ကျနော်မက်မောမိသမျှ လက်လွှတ်ခဲ့ရပေမယ့် ဒီတစ်ခါမက်မောမိတဲ့ထိုလူသားကိုတော့ လက်မလွှတ်ချင်ပါ။

မောင့်နှောင်းငယ် (Complete)Donde viven las historias. Descúbrelo ahora