[6]

5.5K 1.1K 69
                                    

[Unicode]

အခန်း(၆):စူပါမာရီယိုနှင့် မှန်ရာကိုလုပ်ခြင်း

ဓာတ်ပုံရိုက်ရန်ပြင်ဆင်ထားသော အတွင်းခံဘောင်းဘီသေးသေးလေးက တစ်ချက်ကြည့်လိုက်တာနဲ့ နှာခေါင်းသွေးလျှံစေလောက်အောင် ဆွဲဆောင်မှုရှိလွန်းလှသည်။

ဆုနို ထိုအတွင်းခံကို လဲဝတ်ပြီးနောက် သူ့ကိုယ်သူမှန်ထဲမှာကြည့်လိုက်သည်။ "အတွင်းခံက အပေါ်လေးကို နည်းနည်းတက်နေသလိုပဲ"

ထို့နောက် သူ ဒေါသတကြီးငြင်းဆိုလိုက်ကာ...မဖြစ်နိုင်ဘူး!

အမှန်အတိုင်းပြောရရင် သူသည်ကား ယောက်ျားဆန်ပြီး တောင့်​တောင့်​ဖြောင့်​ဖြောင့်နဲ့ ကြွက်သား​တွေရှိတဲ့ အခြားမော်ဒယ်တွေလိုမျိုး အတွင်းခံနဲ့ ယောကျ်ား​ဆန်ဆန်ပုံစံမျိုးကို ရိုက်ကူးချင်ခဲ့တာကြာပြီဖြစ်သည်။သို့ပေမယ့် သူ တစ်ခါမှ အနှီအခွင့်အ​ရေးကို မရခဲ့။

ခု​တော့ သူ့ဆန္ဒ​တွေ ပြည့်​မြောက်သွားပြီ။သူ ထပ်မ​စောင့်နိုင်​တော့ပေ။


ဆုနို သူ့ကိုယ့်ကို ဘယ်ညာလှည့်ကြည့်လိုက်
ရင်း....သေစမ်း!!အခုထိ မိန်းမ​ချော,ချောတဲ့ပုံ ဖြစ်​နေတုန်းပဲ!!အဓိက လို​နေတဲ့အချက်က သူ့ညီလေးက ကြီးသင့်သ​လောက် ကြီးမ​နေတာပဲ။သူ့ညီ​လေးက အထင်ကြီးစရာလည်း မရှိသလို အခြားသူက တုန်လှုပ်သွားလောက်စရာ အရှိန်အဝါမျိုးလည်း မရှိ​!

င့ါပုံစံက တော်​တော် ဆိုးလွန်း​နေတာပဲ...

ဆုနို အရင်လက ချိုးကျီယန်၏ပြည့်စုံလွန်းသည့်ဓါတ်ပုံကို စဥ်းစားမိပြီး သက်ပြင်းကို လေးပင်စွာ ချလိုက်မိသည်။

ဟွန့်!!ကြီးတာက ဘာများကောင်းမှာမို့လို့လဲ!ငါက အဲ့တာကအစ အကုန်လုံးကို လိုက်မနာလိုဖြစ်​နေတာမဟုတ်ဘူး!

ဆုနို ဂုဏ်ယူစွာဖြင့် တံခါး​ပေါက်ရှေ့တွင် ကာယလုပ်သားမောင် ပိုစ်မျိုးသာ ပေး​နေလိုက်သည်။

ဆုနို ဂုဏ်ယူစွာဖြင့် တံခါး​ပေါက်ရှေ့တွင် ကာယလုပ်သားမောင် ပိုစ်မျိုးသာ ပေး​နေလိုက်သည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now