Really? -4-

1.7K 213 39
                                    

_Unicode_

ကျွန်တော်၏မာတာမိခင်သည် လူအများနှင့် တရုန်းရုန်းနေရသည်ကို အလွန်နှစ်သက်သူ ဖြစ်သည်။ ယခုလည်း ရွာထဲက လူများနှင့် ပိုရင်းနှီးရန်ဟုဆိုကာ အိမ်တွင် စားသောက်ပွဲလုပ်ပေးရန်အလို့ငှာ ကြံစည်သည်။ ထိုအကြံဖြစ်ပေါ်လာရခြင်း၏အကြောင်းရင်းမှာ တစ်နေ့ညက ဂျောင်ကုတို့ အုပ်စုကြောင့်ပင်ဖြစ်ရမည်။ ထိုပွဲအတွက် ကျွန်တော် ခြစ်ကုပ်စု‌ထားသော ပိုက်ဆံလေးများကို မျက်စောင်းထိုးနေကြောင်း သိ၍ စကားမစမိရန်သာ သတိထားနေရသည်။ သို့သော်~~

ဧည့်ခန်းတွင် ခဏထွက်ထိုင်စဉ်~~

"သား~~ ဆော့ဂျင်။"

မိခင်သည် သူ့အခန်းတွင်းမှ ထွက်လာကာ အတင်းလုပ်ယူထားပုံရသော စိတ်မပါ့တပါ ချွဲသံကြီးဖြင့် ခေါ်လာလေလျှင် ကျွန်တော့်တစ်ကိုယ်လုံးပါ တဆတ်ဆတ်တုန်လာသည်။

"ဟုတ်~~ဟုတ်~~ ‌မားသား~"

တုန်ယင်နေသော နှုတ်ခမ်းကြားမှ ထွက်လာရသော အသံလေးများမှာလည်း တုန်နေရှာသည်။ မိခင်ဆီ အကြည့်ပို့မိလျှင် သူမ၏ပြီတီတီရုပ်နှင့် ဒိုင်းကနဲဆုံသည်။ ကျွန်တော့်ဆီမှ တစ်ခုခုလိုချင်လေတိုင်း လုပ်တတ်သည့်ပုံစံဖြစ်သည်။ ကျွန်တော့်မျက်နှာကလည်း ဘာမှမသိသည့် ပုံစံလေး ဖြစ်နေမှာ သေချာပါသည်။ မားသားကင်ကြောင့် ထိုပညာကို သင်စရာမလိုဘဲ တတ်ခဲ့သည်မှာ ငြင်းဆိုဖွယ်မရှိ။

"‌အမေကလေ~~"

မိခင်သည် အပြစ်ကင်းစင်လေဟန် မျက်နှာပေးဖြင့် ဆိုလာရင်း စကားကို ရပ်ထားသည်။ ထို့နောက် မျက်လွှာချထားရာမှ ကျွန်တော့်မျက်နှာ အခြေအနေကို မျက်လွှာပင့်ကာကြည့်ရင်း~~

"အိမ်အသစ်ပြောင်းလာတာဆိုတော့လေ အဲတာ~~"

သေချာပါသည်။ အမျိုးသမီးကင်၏ ပုံစံအမှန်မဟုတ်ဘဲ တွန့်ဆုတ်နေကတည်းက ကျွန်တော့်ပိုက်ဆံအိတ် ပိန်ရန် လမ်းစသာဖြစ်ပေသည်။

"ဟုတ်~~"

ပြုံးနေသည်မဆိုသာသော မျက်နှာဖြင့် သွားများကို စိထားရင်း မိခင် စကားကို ထောက်ပေးလိုက်သည်။

Really? [JinKook] Completed ✅Where stories live. Discover now