Really? EXTRA-2A

999 91 36
                                    


ဒီတစ်ခါ အတည်ပါနော်။

ကိုယ်စာမရေးတာ အရမ်းကြာနေလို့ ဒီReally? Vibeကို မနည်းပြန်ထည့်ရတယ်။
ဖတ်ကြည့်ပြီး အဆင်ပြေမပြေ ပြောပေးခဲ့ပါအုံး။ အဆင်ပြေတယ်ဆို ကိုယ် ဒီအပိုင်းကို ထပ်ဖြည့်အုံးမှာပါ။ စိတ်ရှည်ပေးပါနော်။

_____

_Unicode_

နေရာ။   ။ အမျိုးသမီးကင်မ်၏အိမ်။
အချိန်။  ။ ကင်ဆော့ဂျင်မရှိသခိုက်။
အကြောင်းအရာ။  ။ အမျိုးသမီးကင်မ်နှင့် စာရင်းရှင်းရန်။

အဖြူရောင်အေဖိုး စာရွက်ပေါ်တွင် အထက်ပါ စာများကို မှင်အနက်ဖြင့် ထင်းနေအောင် ရေးသားထား၏။ အသတ်အဝိုက်ကလေးတွေ တစ်မျိုးထူးဆန်းသည်မို့ ဂျောင်ဟိုဆော့ဆိုသည့်ကလေး ရေးထားသည် ဖြစ်မည်။

တော်လိုက်တဲ့ ငါ။

"အဟမ်း"

အမျိုးသမီးကင်မ်သည် အတွေးထဲ၌သာ ကြည်နူးနေနိုင်သည်။ အပြင်ဘက်တွင်ကား ဟန်ကိုယ့်ဖို့အနေနှင့် ချောင်းတစ်ချက်‌ဆိုးလိုက်ကာ ရှေ့မှ ကလေးလေးယောက်ကို အကြည့်ပို့လိုက်သည်။အကြည့်နှင့် လေဆာတဝင်းဝင်း ပစ်လွှတ်နေသည့် မျက်လုံးရှစ်လုံး။

ဟုတ်တယ်။ ဟနား၊ ဒူး၊ ဆဲ၊ နဲ.... စုစုပေါင်း ရှစ်လုံးတိတိ။ 

ဧည့်ခန်းရှိ စားပွဲတွင် မျက်နှာချင်းဆိုင်ထိုင်ရင်း ရှေ့မှ လူလေးယောက်ကို လက်ညှိုးတထိုးထိုးနှင့် ပါးစပ်တလှုပ်လှုပ် ရေရွတ်နေသူသည် ဘုရားစူး အသက်ခြောက်ဆယ်နီးပါး အမျိုးသမီးကင်မ်သာ။

"ကဲ အန်တီ။"

"ဆို"

စကားစလာသော ဟိုဆော့ကို ကင်မ်က မေးတစ်ချက်ဆတ်ပြရင်း ပြန်ပြော၏။

တကယ်ဆို ဒီကလေးတွေ ဘာကြောင့်လာသည်ကို ကင်မ်အကုန်သိပြီးသား။ ဂျောင်ကုလေးနဲ့ အိမ်က ကင်မ်ဆော့ဂျင် အဆင်ပြေသွားဖို့ ဒီကအမယ်ကြီး ရေးထားတဲ့ ဇာတ်လမ်းရဲ့ side effectပဲ။ မသိရိုးလား အဟင်း။

အမျိုးသမီးကင်မ်သည် အတွေးထဲမှာသာ ထိုသို့ရှိနေပြီး အပြင်ပန်းတွင် တကယ့်မျက်နှာငယ်လေးနှင့်ဖြစ်သည်။ အကြောင်းမှာ သူမတွင် ပိုက်ဆံတစ်ပြားတစ်ချပ်မျှ မရှိခြင်းကြောင့်။

Really? [JinKook] Completed ✅Where stories live. Discover now