No More Extra After This One!
_Unicode_
လေလေး တချွန်ချွန်နှင့် အိမ်ထဲဝင်လာသည့် ကျွန်တော်~~
"ကင်မ် ဆော့ ဂျင်!"
"အိုး မားမား"
မာတာမိခင်၏ အောင်မြင်လှသော အမြင့်သံကြောင့် ထခုန်မိမတတ် လန့်သွားရသည်။ မိခင်သည် ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ခြေချိတ်လက်ပိုက်လျက် ထိုင်နေပြီး လေဆာတဝင်းဝင်းထွက်လောက်သည့် မျက်လုံးများဖြင့် ကျွန်တော့်ကို ကြည့်နေ၏။
ကျွန်တော်ကလည်း မခေလှပါ။ ပေစောင်းစောင်းမျက်လုံးများဖြင့် မိခင်ကို ပြန်ကြည့်လိုက်ကာ
"သား အလုပ်က ခုမှပြန်လာတာ မားသား။ အရေးမကြီးရင် နောက်မှပြောရအောင်။"
ဟု ပြောရင်း ခေါင်းကို ဆတ်ကနဲ ပြန်လှည့်ကာ အိပ်ခန်းဆီသို့ ဦးတည်သည်။
"ဒုန်း"
"အမလေး ဂျောင်ကု"
မာတာ၏ စားပွဲကို ထုလိုက်သည့် အသံကြောင့် ကျွန်တော့်ကိုယ်လေး တုန်တက်သွားရကာ ဆိုင်ရာပိုင်ရာကိုပါ တ,မိ၏။ ပြီးမှ မလုံမလဲ ဖြစ်ကာ ပါးစပ်ကို အသာအုပ်ပြီး မိခင်ဆီ အကြည့်ပို့မိသည်။ မိခင်သည် အောက်နှုတ်ခမ်းကို သွားဖြင့် အတင်းဖိထားရင်း မျက်လုံးများ ပုတ်ခတ်ပုတ်ခတ်ဖြစ်နေ၏။ အကဲခတ်ရန်မလွယ်သည့် အမူအယာဖြစ်သည်။ သို့ရာတွင် နှစ်သုံးဆယ်နီးပါး အတူနေခဲ့သည့် အတွေ့အကြုံကို အခြေခံပြီး ကျွန်တော် ခန့်မှန်းရမည်ဆိုပါက မားသားက တစ်ခုခုကို ကျေနပ်နေတာ ဖြစ်သည်။
အမျိုးသမီးကင်မ်သည် အမှန်တကယ်ပင်စိတ်ကျေနပ်နေပြီး အကဲပိုလွန်းသည့် သားဖြစ်သူကိုလည်း ပိတ်တီးချင်စိတ်ပေါ်နေသည်။ တကတည်း စစက ဆင်ဖမ်းမယ် ကျားဖမ်းမယ်နဲ့။ ဂျောင်ကုလေး စက်ကွင်းမှာ သူပဲ အဖမ်းခံလိုက်ရတာ။ သို့ရာတွင် ရှင်းရမည့် ကိစ္စလေးများရှိသေးသည် မဟုတ်လား။
"ဟုတ်ကဲ့။ အဲ့ဒီ ဂျောင်ကုအကြောင်းပဲ ပြောမှာပါ။ ဒီနားကို ကြွခဲ့။"
မားသားကင်မ် ရုပ်ပြောင်းရုပ်လွဲမြန်သည်မှာ ဂျွန်ဂျောင်ကုပင် လိုက်မမီနိုင်လောက်။ စက္ကန့်ဝက်မျှကြာပြီးသည့် ယခုအချိန်တွင် မိခင်၏အသံသည် အေးစက်စက်ဖြစ်နေပြီး ကျွန်တော့်ကို မကျေနပ်နေသည့် အရိပ်အယောင်များကို မျက်လုံးဖြင့် အသည်းအသန်ဖော်ပြနေ၏။ ကျွန်တော်လည်း ဆက်ပြီး အတွန့်မတက်တော့ဘဲ မိခင်ရှေ့တွင် မျက်နှာသေလေးဖြင့် ဝင်ထိုင်ရန်ပြင်လိုက်၏။ လက်ထဲမှ အထုတ်များကို ဘေးတွင် ချထားလိုက်ပြီး လက်နှစ်ဖက်ကို ပေါင်ပေါ်တင်ထားကာ ခပ်တောင့်တောင့် နေနေလိုက်သည်။
YOU ARE READING
Really? [JinKook] Completed ✅
Fanfictionမြို့မှာပျော်တဲ့ မြို့သားလူကတ်လေးတစ်ယောက် ရွာလေးတစ်ရွာကို ပြောင်းရသောအခါ~~ မြို့မှာပျော်တဲ့ မြို့သားလူကတ်လေးတစ်ယောက် ရွာလေးတစ်ရွာကို ပြောင်းရသောအခါ~~ #Cover By Epiphany_Jinah💜 #Special Thanks to Sue💜 #8.8.21To17.8.21 #MyFirstCompletedFic