'ဘာလဲ...'
အကိုကအသံကိုထိန်းပြီးပြောသည်..ပြဿနာဖြစ်နေတယ်လို့ထင်မှာစိုးလို့နဲ့တူပါရဲ့...နှိုင်းရဲ့ပင်ကိုစရိုက်ကလည်းငဂျစ်မို့ရစ်ချင်ပေမယ့်ဘယ်ကစပြောရမှန်းမသိဘူးရယ်လေ.....လူ့ပြည်မှာအခုလိုရုပ်ချောချောနဲ့ဖမ်းစားတတ်တဲ့နတ်သားအကိုရှိတယ်ဆိုတာမှမသိခဲ့ပဲကို.....။လက်မြှောက်ပြလိုက်သည်.....။ထိုအခါမှအကိုကအားတုံ့အားနာတောင်းပန်လေတော့ဘာဘယ်တီးတစ်ခွက်နဲ့ကျေအေးခဲ့သည်....။
အကိုကတော့ထင်မှာပေါ့ နှိုင်းတို့မတွေ့နိုင်ဘူးရယ်လို့လေ....နှုိင်းကသိပြီးသား..အကိုနဲ့ပြန်တွေ့ကိုတွေ့မှာ....နှလုံးသားနဲ့ယှဥ်လိုက်ရင်ကမ္ဘာကြီးကကျဥ်းကျဥ်းလေးပါ......။
အိမ်အဝင်ဝမှာအမေကဆီးကြိုနေသည်...။
အစ်မလည်းမျက်နှာမကောင်း....။
'ဘေးအိမ်ကမသန်းတင်ကလာပြောသွားတယ်
နင့်သား...အင်းယားဘောင်မှာကောင်လေးတစ်ယောက်နဲ့ပျော်မြူးလို့တွေ့ခဲ့တယ်တဲ့..အဲဒါဘယ်ကကောင်လေးလဲ....'
..နှိုင်းအမေက ၂၁ ရာစုမှာလိင်တူအချစ်ကိုအမုန်းဆုံးအမျိုးသမီးကြီးတစ်ဦးအဖြစ်ရပ်တည်ဆဲ....။
'မဟုတ်ပါဘူး..အမေရယ်..သားက..'
'တော်လိုက်တော့ငနှိုင်း..နင့်ကိုငါကြပ်ကြပ်ပြောထားတယ်နော်...ငါ့အဆိုးမဆိုနဲ့......'
အမေကအရင်ကစိတ်ထားနူးညံ့သောအမျိုးသမီး
တစ်ဦး..နှိုင်းဖေဖေ အက်စီးဒင့်တစ်ခုမှာ ဂေးတစ်ယောက်ကြောင့်မတော်တဆအသက်ဆုံးရှုံးမှုဖြစ်ပြီး
ကတည်းကခုလိုဖြစ်သွားတာ...နှိုင်းအပြစ်မမြင်ရက်ပေမယ့်စိတ်မကောင်း....။ပြီးတော့မနက်ဖြန်ဝါဆိုလပြည့်နေ့လေ.....။အင်တာနက်လေးသုံးချင်တာတောင်ဘေလ်ကမရှိတော့တာမို့ထပ်လည်းမတောင်းရဲတော့...200mb လောက်ကျန်သေးလို့သာတော်ပေရော့သည်...။
အကို့ကိုအကောင့်မအပ်ခဲ့ရတော့အကို့ဖုန်းနံပါတ်နှင့်..viber. .အကောင့်ရှိလားစစ်ကြည့်လိုက်သော်
နှိုင်းကအကောင့်ကိုယူ၍ viber. ကနေပို့ရန်စဥ်းစားမိသော်လည်းချက်ချင်းပို့လို့ကောင်းပါ့မလားထပ်စဥ်းစားမိပြီးမပို့ဖြစ်......။စာတေကိုပြန်ဖျက်လိုက်သည်...။စိတ်ညစ်ညစ်နဲ့အခန်းထဲကမထွက်ချင်တော့.....။
............
တစ်ရက်နှစ်ရက်ကြာသွားတော့
နှိုင်းလည်းမနေနိုင်ဘူးလေ..အင်တာနက်ဖွင့်ပြီး
viber. .ကနေ အကောင့်လင့်ပို့ပြီးလာအပ်ခိုင်းလိုက်သည်.....။စာပို့ရာတွင်လည်းအတော်စဥ်းစားလိုက်ရသည်....။
အကိုအကောင့်လာအပ်ပါဦးလို့ချိုချိုသာသာပြောလိုက်ရမလားပေါ့...နောက်မှနှိုင်းကဖြစ်ချင်ရာဖြစ်
ဆိုပြီးပို့ချလိုက်သည်....။စွန့်စားမှုကြီးပေါ့...။
'ခင်ဗျားအကောင့်လာအပ်လိုက်..ကျွန်တော်လက်ခံလိုက်မယ်..ပြီးရင်အသည်းပေး...'
နာရီဝက်တစ်နာရီအကိုကမကြည့်..နှစ်နာရီလောက်ရှိသွားလည်းမကြည့်..စိတ်ကတမျိုးတစ်မမြည်ဖြစ်လာတော့ဖုန်းဆက်ပြီးပြောလိုက်ရင်ကောင်းမလား..အယ်မကောင်းပါဘူးလေ...သို့ပေမယ့်စိတ်ကနှစ်ခွ..ဖုန်းဆက်မဆက်..နောက်ဆုံးဖုန်းဆက်ကြည့်လိုက်မယ်လေ...မရရင်အရင်း..ရရင်အမြတ်ပေါ့...
ဟူသောအတွေးဖြင့်....ဖုန်းခေါ်လိုက်သည်....
အကိုကလည်းဖုန်းကိုင်လိုက်သည်လေ......။
'ဟဲလို..'
နှိုင်းရင်ခုန်နေလို့ဘာမှမပြောနိုင်...ပါးစပ်ကပြောချင်ရာပြောမိသွားသည်....။
'viber ပို့ထားတာဝင်ကြည့်ဦး..'
ဖုန်းချပြီးမှကိုယ့်ခေါင်းကိုကိုယ်ရိုက်မိသည်....။
မအေလိုးငါလေး...ဘယ်လိုတောင်ပြောမိလဲမသိ
ခေါင်းအုံးကိုလက်ဖြင့်ထုရင်းစိတ်မောစွာအင်တာနက်ဖွင့်လိုက်သည်.....။
fb. .ဖွင့်လိုက်တော့ နိုတီများ....
တစ်ဦးတည်းသောအကို့ဆီကနှိုင်း
အတွက်အသည်းလေးများ......။
ပျော်သည်လေ...နှိုင်း
အတိုင်းအဆမသိအောင်ပျော်ပါသည်......။
............
နှိုင်းလှမ်းမြင်နေရသည်
အင်းယားကန်ဘောင်တွင်အချိုရည်ဘူးကိုင်ပြီးလမ်းလျှောက်လာတဲ့လူသားတစ်ဦးကိုလေ..ဘယ်သူရှိမလဲ...အကိုပဲပေါ့.......။
နှိုင်းကအားကစားဘောင်းဘီ၊ရှပ်အပွကိုပေါ့ပေါ့ပါးပါးဝတ်လာခဲ့တာမို့နှေးနှေးလေးပြေးနေရင်း..
ရုတ်တရက်...ဒိုင်းခနဲအသံကြောင့်အကို့နားအရောက်မှာနောက်တစ်ကြိမ်ထပ်တိုက်မိပြန်ပြီ.....။
'ကျွတ်..'
ပါးစပ်မှအသံထွက်မိသည်ကားတိုက်ဖို့မရည်ရွယ်ပဲတိုက်မိခြင်းကြောင့်ဖြစ်သည်....။အနားရောက်မှနှုတ်ဆက်ရန်ကြံစည်ထားခြင်းတို့ပျက်စီးကုန်ပြီလေ...။ဒါပေမယ့်..ဟန်ကိုယ့်ဖို့တော့နှိုင်းအတွက်ထားရသေးသည်.....။မှတ်မိသွားဟန်သရုပ်ဆောင်ပြီးမှ....
'. .ကျေပြီနော်..'လို့ပြောပြီးရှက်ရှက်နှင့်အနားမှထွက်သွားမို့လုပ်ရာအကိုကပြန်ဆွဲထားမို့လူကစွေ့ကနဲဖြစ်သွားပြီးအကို့မျက်နှာနဲ့အနီးကပ်သို့ရောက်သွားသည်....။အိုဟို...ရင်တွေခုန်နေလိုက်တာ.....
မသိသေးသောလူစိမ်းတစ်ဦးကအဘယ်ကြောင့်
နှလုံးသားတစ်စုံကိုနွေးစေရပါသနည်း......။
ထို့နေ့ကအကိုကမိတ်ဖြစ်ဆွေဖြစ်ဘာဘယ်တီးဝယ်တိုက်တယ်...အကိုကတော့ဘာတွေစဥ်းစားလဲမသိ..
ကျွန်တော်ကတော့အကို့မျက်နှာကိုမသိမသာငေးရင်းဘာဘယ်လုံးလေးတွေကိုထွေးကစားရင်း
အရမ်းချိုမြန်သောဘာဘယ်တီးတစ်ခွက်ကိုအမှတ်တရသောက်သုံးခဲ့ရပါသည်.......။
YOU ARE READING
ခင်ဗျားသည်ကျွန်တော်ချစ်သောနာမ်စားဖြစ်သည်
Non-Fictionအချစ်ကိုပုံဖော်ကြသောလူသားပိစိလေးနှစ်ယောက်အကြောင်း
