အပိုင်း ၁

28 1 2
                                    

"အကို အကို...သမီး အကို့ကိုသိတယ်"

စက်ချုပ်သံတွေကြားကနေ နားထဲတိုးဝင်လာသည့် အသံစူးစူးလေးကြောင့် ကျွန်တော်ခေါင်းမော့ကြည့်လိုက်တော့ သွားဖြူဖြူလေးတွေ ပေါ်လွင်နေသည်ထိ ပြုံးပြနေသည့် ကောင်မလေး...

ချုပ်လက်စ ဇာအထည်ကို ဦးတည်ရာလွဲမသွားအောင် အပ်နဲ့သေချာဖိထားရင်း သူမကိုသေချာကြည့်တော့ သူမက ထပ်ပြောသည်။

"ကိုကြီးကိုမင်းတို့ အဆောင်မှာ မနေ့က သမီးဟင်းလာချက်သေးတယ်လေ.."

"ဪ...မင်းဘဲ၊ ဒီလိုင်းမှာ နေရာကျတာလား..."

"ဟုတ်ကဲ့.."

ကျွန်တော့်ဘေးအခန်းက အိမ်ထောင်သည်အကိုကြီးရဲ့ ညီမဝမ်းကွဲလေးမှန်း ကျွန်တော်မှတ်မိလိုက်သည်။ ဒီနေ့မှ အလုပ်ဝင်ရသည်ထင်။ ကျွန်တော်တို့လို အထည်မချုပ်နေဘဲ ဓားဖြတ်စတွေသာ ဖြစ်သလိုဖြတ်ချုပ်နေသည်။

ကျွန်တော် စကားပြန်ပြောတော့ သူမက ဘေးက ဓားဖြတ်စက်ချုပ်နေသည့် အမထားကို ပြန်ပြောနေသည်။

"တွေ့လား၊ သမီး သိပါတယ်ဆို၊ သမီးတို့အကိုကြီးအဆောင်နားမှာ ဒီအကိုက နေတာ..."

"ကိုချမ်းနဲ့သိတာကိုး.."

အမထားက ကျွန်တော့ကိုကြည့်ပြီးပြောတော့ ကျွန်တော်ခေါင်းငြိမ့်ပြလိုက်သည်။

"သူ့ကို သေချာပြပေးလိုက်ပါအုံး အမ.."

"အေး...အေး"

လူဟောင်းတွေနဲ့ခင်သည့် လူသစ်တွေကိုသာ လူဟောင်းတွေက အဖက်လုပ်ကြသည်မို့ ကျွန်တော်သေချာမှာလိုက်သည်။ နိုင်ငံရပ်ခြားမှာ အလုပ်လာလုပ်ကြသည့် မြန်မာအလုပ်သမားချင်းတူပေမယ့် အချင်းချင်းဖေးမဖို့က သိပ်မလုပ်ကြသည်ကများသည်။ သူတို့လဲ သူတို့အခက်အခဲနဲ့ကိုး...လူသစ်တွေကို အချိန်ပေးပြီး သေချာသင်ပြပေးချင်ကြပေမယ့် တစ်နေ့တစ်နေ့ လုပ်ရမည့် အထည်အရေအတွက်က ရှိနေသည်။ မပြည့်လျှင် ကောင်းကောင်းအဆူခံကြရသည်မို့ သာမန်ကာလျှံကာလောက်ဘဲ သင်ပေးပြီး ကိုယ့်အလုပ်ကိုဘဲ အချိန်လုလုပ်ကြရသည်။ ကျွန်တော်သည်လဲ ထိုလိုလူတွေထဲက အပါအဝင်ဖြစ်သည်မို့ သူမကို သိပ်ဂရုမစိုက်မိတော့ဘဲ လုပ်လက်စကိုသာ ဆက်လုပ်နေတော့သည်။

ကျွန်တော့မျက်ဝန်းထဲက ကြယ်ကလေးက တကယ်တော့ လေလွင့်ရွက်ဝါလေးပါတဲ့Donde viven las historias. Descúbrelo ahora