အပိုင်း ၂

13 0 0
                                    

တိမ်စိုင်တို့ကင်းစင်နေသည့် မြို့ပြကောင်းကင်ပြာကြောင့် သူရိန်နေမင်းက လွတ်လွတ်လပ်လပ် ဖြာကျနေသော မြဝတီမြို့ရဲ့မွန်းလွဲချိန်က အတော့ကိုပူလွန်းလှသည်။ ဆိုင်ကယ်စီးနေရင်း ခပ်ပြေပြေတိုးဝင်နေသည့် လေပွေနဲ့နေရှိန်ဒဏ်တို့ကြောင့် တစ်ပတ်လုံး ဥထားရသည့် အသားအရေတော့ သွားပြီလို့ ကျွန်တော်တွေးနေမိသည်။ နေရောင်အောက်မှာ လက်လက်ထတောက်ပနေသည့် အသားအရေက အရိပ်အောက်ရောက်လျှင် မည်းသည်းသွားတော့မှာ သိနေလို့ပင်။

"ဘယ်လမ်းထဲဝင်ရမှာလဲ ညီလေး"

"တည့်တည့်သာ သွားတော့ အစ်ကို၊ ရေအိုးစင်လေး တည်ထားတဲ့ခြံရှေ့ရောက်ရင် ရပ်ပေး..."

"အေး...အေး"

ပဉ္စပါပီမျက်နှာကဲ့သို့ သဲတွေ၊ ချိုင့်တွေနဲ့ မညီညာသော လမ်းကျဉ်းလေးထဲ ထိန်းမောင်းပေးသည့် taxiသမားကို ကျွန်တော် အနည်းငယ်တော့ အားနာမိသည်။ အသစ်ချဲ့ထွင်ထားသည့် ရပ်ကွက်ဖြစ်တာကြောင့် ကျွန်တော်တို့ရပ်ကွက်လမ်းတွေက လုံးဝမကောင်းပါပေ။ သစ်တောကြီးကနေ ရပ်ကွက်ချဲ့ထွင်လိုက်သည့် ကျွန်းတောအမည်ရ ဤရပ်ကွက်သစ်က လမ်းသွယ်တွေလည်း ပေါများလွန်းကာ အကွေ့အကောက်ကလည်း များပါဘိ။

"ရောက်ပြီ အစ်ကို၊ ကျေးဇူးဘဲ "

အိမ်ရှေ့ရောက်သည်နဲ့ တက္ကစီခရှင်းပေးပြီး သူ အိမ်ထဲပြေးဝင်တော့သည်။

"အမေ့.."

"ရေ့...အမေ မီးဖို​ချောင်ထဲမှာ သားရေ"

အသံနဲ့ခပ်ဖိုင့်ဖိုင့်ခန္ဓာကိုယ်က တစ်ပြိုင်တည်းအိမ်ရှေ့ရောက်လာသည့် အမေက သနပ်ခါးအဖွေးသားနဲ့။ သူ့ကိုမြင်တော့ ပြုံးရွှင်သွားသည့် အမေမျက်နှာက ပြည့်ဝန်းကြည်လင်နေပါ၏။ စိတ်ချမ်းသာနေသည့်ပုံပါပေ။

"ဒီနေ့ Otမရှိဘူးပေါ့.."

"အင်း၊ အိုတီမရတာ နှစ်ရက်ရှိနေပြီ"

"အေး၊ မရတော့လဲ ငါ့သား နားရတာပေါ့၊ အမေ ဒီနေ့ သားပြန်လာမှာသိလို့ ကြက်သားကြော်ထားတယ်၊ ဘူးရွက်ဟင်းချိုလေးနဲ့ သားအကြိုက် တို့စရာအစုံလဲပြင်ထားတယ်၊ ခဏနားပြီးတာနဲ့ ရေချိုးထမင်းစားတော့.."

ကျွန်တော့မျက်ဝန်းထဲက ကြယ်ကလေးက တကယ်တော့ လေလွင့်ရွက်ဝါလေးပါတဲ့Where stories live. Discover now