Part_10

328 39 28
                                    

#Unicode

*နောက်တစ်နေ့မနက်*

Jin ၁ယောက် စာကြည့်တိုက်ထဲ ယောင်လည်
ယောင်လည် လုပ်ရင်း SUGAရဲ့ အခြေအနေကို အကဲခတ်နေမိတယ်။သူပေးလိုက်တဲ့ ဆေးက SUGAနဲ့ အဆင်ပြေပါ့မလား တွေးရင်းပေါ့။

Jinကြည့်ရသလောက် စာအုပ်တွေကို အေးဆေးသယ်နေတဲ့ SUGAရဲ့ ပုံစံက လက်မောင်းအခြေအနေလုံးဝသက်သာနေပုံပင်။ဒါပေမဲ့လည်း သူ့အကြည့်တို့က SUGA ဆီကမခွာနိုင်ခဲ့ပါ။

လက်တစ်ဖက်ကစာအုပ်အနည်းငယ်ကိုကိုင်ကာ ကျန်လက်တစ်ဖက်ကတော့ မှော်တုတ်တံကိုသုံးရင်း စာအုပ်တွေကို နေရာတကျပြန်ထားနေတဲ့ SUGA ရဲ့ ပုံစံက အနည်းငယ် smartကျနေသယောင်။ပန်းနုရောင် နှုတ်ခမ်းပါးတို့က ဂါထာမန္တာတို့ကို ရွတ်ဆိုလိုက်ချိန်မှာ နှင်းတောထဲက ရှားပါးတဲ့ ပန်းနုရောင် နှင်းဆီပန်းလေးပွင့်အာလာသလို။

ထိုနှုတ်ခမ်းပါးတစ်စုံကို Jin၁ယောက် စိုက်ကြည့်နေရင်း အာခေါင်တွေ ခြောက်လာပီး
ရင်ဘတ်ထဲ တမျိုးတဖုံခံစားလာရပြန်တယ်။SUGAရဲ့ နှုတ်ခမ်းကို ကြည့်မိတိုင်း ထိုခံစားချက်မျိုးက မပြောင်းမလဲပဲ ရရှိလို့နေတယ်။
ဒီ့ထက်ပိုပီး ဆက်ကြည့်နေလို့ မဖြစ်တာကြောင့် အကြည့်တို့ကို ဖယ်ခွာလိုက်တာတောင် အတွေးထဲမှာ ထိုနှုတ်ခမ်းပါးတို့က နေရာယူထားတုန်းပင်။မရတဲ့အဆုံး Jin နှဖူးနဲ့စားပွဲနဲ့ကို သာ စောင့်နေမိတော့တယ်။ခပ်ဖွဖွလေးပေါ့။

*ဒီစာအုပ်က ဖတ်ပီးပီလား*

နေရောင်ခြည်နွေးနွေးအောက် နေပူဆာလှုံနေစဉ် ရုတ်တရက် အေးစက်လှတဲ့ လေကြမ်းတစ်ခုတိုက်ခတ် လာသလို Jin ကျောထဲစိမ့်သွားလေတယ်။
အလန့်တကြားခေါင်းကိုမော့ကြည့်တော့ ထင်တဲ့အတိုင်း SUGAပင်။

Jin : ummm...

Jin သူခိုးလူမိသလို လန့်ကာ
ဘာပြောရမှန်းမသိ ကြောင်ကြည့်နေစဉ် SUGA က စိတ်မရှည်တဲ့လေသံနဲ့ တစ်လုံးချင်းစီ နောက်တစ်ခါထပ်ပြောလာတယ်။

SUGA : ဒီစာအုပ်က ဖတ် ပီး ပီ လား လို့မေးနေတယ်လေ။

ထိုအခါမှ Jin အသိပြန်ကပ်ပီး

Jin : Arr...စာအုပ်! ဟုတ်တယ် ဒီစာအုပ်ကဖတ်ပီးပီ။

SUGAက ဘာမှပြန်မပြောတော့ပဲ Jinဘေးကစာအုပ်ကို ကောက်ယူပီး ထွက်သွားတော့သည်။

In Love With MagicWhere stories live. Discover now