Part 11

375 43 29
                                    

#Unicode

Prof Hope : အားလုံးပဲ campကို သဘက်ခါကျရင်ထွက်ကြပါမယ်။ဦးစီးမဲ့ဆရာတွေကတော့ဆရာကိုယ်တိုင်နဲ့ Prof စနိပ်တို့ပဲဖြစ်တယ်။

*what!! Prof စန်ိပ်!!*

Campအတွက်ရင်ခုန်စိတ်လှုပ်ရှားနေကြတဲ့ ကျောင်းသားတို့မှာ Prof စန်ိပ်ပါမယ်ဆိုတာသိရပီး ပျော်နေတာတောင်ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြတယ်။Prof Hopeကလည်း ကလေးတွေအကြောင်းသိတာမို့ မသိမသာသာခိုးရီလိုက်တယ်။

Minie : Jinရေ ငါတို့ဘဝတော့သွားပီထင်ပါတယ်။

Jin : စိတ်အေးအေးထားပါ Minieရာ။

Minie : Prof စန်ိပ်၁ယောက်လုံးပါနေတာ စိတ်အေးအေးထားလို့ရမလားကွ။

Jin : ရူးးတိတ်တိတ်နေ ဟိုမှာ ဆရာက Groupခွဲတော့မယ်။

Jinကအာရုံစိုက်ခိုင်းလိုက်တာကြောင့် Minie ပွစိပွစိပြောနေရာမှငြိမ်သွားသည်။

Prof Hope : ကဲဒါဆို groupခွဲဖို့ကို ဆရာပြောမယ်။Group ၁ခုစီမှာ အဖွဲ့ဝင် ၆ယောက်စီထားမယ်။အဲ့၆ယောက်စီအတွက် ဆရာက မင်းတို့နာမည်တွေအကုန်ပါတဲ့ မဲလိပ်တွေကိုမဲနှိုက်ပီး အသင်းတွေဖွဲ့ပေးပါမယ်။ဒီမှာ မင်းတို့ရဲ့နာမည်တွေပါတဲ့ မဲလိပ်တွေထည့်ထားတဲ့ ဘူးလေးတစ်ခုပြင်လာခဲ့တယ်။

Prof Hopeက သူ့လက်ဆွဲအိတ်ထဲမှ စက္ကူဘူးလေးကိုထုတ်ပြကာ ပြောလာတယ်။အတန်းသားများမှာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ထိုစက္ကူဘူးလေးကို အာရုံစိုက်နေကြတယ်။ပီးနောက် Prof Hopeက ထိုဘူးထဲမှ မဲလိပ်တစ်ခုကိုစတင်နှိုက်လိုက်ပီး လက်ထဲသို့ ပါလာတဲ့မဲလိပ်တစ်ခုကို ဖြည်ကြည့်လိုက်တော့ ထွက်ပေါ်လာတဲ့ အမည်နာမတစ်ခု...။

Prof Hope : James?

James : Yes, Sir.

Prof Hope : ရှေ့ကိုထွက်ခဲ့ပီး Group 1အတွက် ဒီနားမှာနေရာလာယူပါ။

နောက်ထပ်မဲလိပ်တစ်ခုထပ်နှိုက်လိုက်တယ်။

Prof Hope : Lea?

Lea : ကျွန်မပါ ဆရာ။

Prof Hope : နေရာယူပါ။

Lea : ဟုတ်ကဲ့။

.
.
.

တဖြေးဖြေးနဲ့ Groupတွေခွဲလာလိုက်တာ နောက်ဆုံး Group 2ဖွဲ့စာ လူ၁၂ယောက်ပဲကျန်တော့တယ်။အဲ့၁၂ယောက်ထဲမှာ Jin နဲ့ Minie ပါတဲ့အပြင် SUGAတို့ အဖွဲ့လည်းပါသေးပေသည်။

In Love With MagicМесто, где живут истории. Откройте их для себя