Part_6

314 47 10
                                    

[Unicode]Prof : Jin Suga Minie အခန်းရှေ့မှာဘာရပ်လုပ်နေတာလဲ

Jin တယောက် ပရော်ဖက်ဆာစနိပ်ဆီသွားဖို့ Minie ကိုအတင်းဆွဲခေါ်လာခဲ့ပီးမှ မဝင်ရဲတာမို့ အခန်းရှေ့မှာရပ်နေတုန်းကြားလိုက်ရတဲ့အသံပိုင်ရှင်

အသံကြားတာနဲ့ Minie တယောက်ကတော့ ချွေးဇောပြန်ချေပီ

Suga ကလည်း သူတို့နဲ့အတူလိုက်လာတာမို့ ပရော်ဖက်ဆာက အကြောင်းအရင်းကိုမေးတော့

Jin:  ကျွန်တော်တို့အပြစ်လာဝန်ခံတာပါ

Prof: ဘာအပြစ်လုပ်ထားလို့လဲ Jin

Jin: Minie နဲ့ကျွန်တော်က အသစ်ရောက်လာတဲ့ ကလေးတွေကို စလိုက်မိလို့ပါ စာကြည့်တိုက်ထဲမှာဆူညံအောင်လုပ်မိလို့ပါ

လွန်ခဲ့တဲ့ ၁၀ နှစ်ကသေသွားတဲ့ကောင်မလေးက အခုထိမကျွတ်သေးဘဲ ရှိနေတဲ့အကြောင်းကိုတော့ Jin အမှန်အတိုင်းမပြောဖြစ်ခဲ့ပါ

Prof: ဒါဆို Suga က အဲ့ဒီအချိန်ဘယ်သွားနေလို့လဲ

Suga: ကျွန်တော်က Joon နဲ့ မှော်ဆေးပင်စိုက်နေတာ စိုက်ပီးလို့ စာကြည့်တိုက်ထဲရောက်တော့ ဆူညံနေတာကြောင့်

Minie ကတော့ အမှတ်လျော့ခံရမဲ့အရေးကိုတွေးပီး စကားတောင်မပြောနိုင်တော့

Prof: ကယ် ထားတော့ ဒါဆိုမင်းတို့အကုန်အပြစ်ရှိတယ်
အဲ့တာကြောင့် စာကြည့်တိုက်ရဲ့ညာဘက်အခြမ်းကို ရှင်းရမယ်

Jin, Minie,Suga:  ဗျာ

ပုံမှန်ဆို အမှတ်လျော့ဖို့ပဲသိတဲ့ ပရော်ဖက်ဆာစနိပ်က အခုတော့အမှတ်မလျော့ဘဲ အခန်းရှင်းခိုင်းတာကြောင့် သူတို့သုံးယောက်လုံး အံ့သြမိကြသည်

ပရော်ဖက်ဆာ ထူးဆန်းနေပါလား

Minie: Jin ပရော်ဖက်ဆာစနိပ်က လူစားလဲခံလိုက်ရတာလား

Jin: အေး ထူးဆန်းနေတာ ဘာပဲဖြစ်ဖြစ် ငါတို့အမှတ်လျော့မခံရတာပဲတော်သေးတယ်

Minie: စာကြည့်တိုက်ကိုရှင်းရမယ်ဆိုတော့ ငါလန့်သွားတာ

Jin: ကိုယ့်အပြစ်နဲ့ကိုယ်ပဲလေကွာ

Suga: *တော်တော်လဲစကားပြောနိုင်တဲ့ဟာတွေ နားညီးလိုက်တာ*

Suga: မင်းကြောင့် ငါပါသန့်ရှင်းရေးလုပ်ရတာ

In Love With MagicWhere stories live. Discover now