[8]

5.6K 1K 22
                                    

[Unicode]

အခန်း(၈): ကြွက်သားတွေထွက်လာဖို့ လျှို့ဝှက်ချက်နှင့် မီးသီး မ​တော်တဆ​

ဆုနိုသည် ပျောက်နေသည့်စာပိုဒ်များကိုရှာဖွေရန် နေ့တစ်ဝက်​လောက်အထိ အချိန်ဖြုန်းခဲ့ရသော်လည်း ဆုနိုနိုကို ဝမ်ရယ်အိုးရန်က အိပ်ယာထဲသို့ မည်သို့မည်ပုံခေါ်ဆောင်သွားသည့်အခန်းအား ရှာမ​တွေ့ခဲ့​ချေ။ထို့​နောက် သူ​​ရှာတွေ့ခဲ့သည့် တစ်ခုတည်း​သော အပိုင်းဆီကို ပြန်သွား​လိုက်သော်လည်း ထိုအပိုင်းမှာ ဖျက်ပစ်ခံလိုက်ရပြီးပြီဖြစ်သည်။

'ဖာ့ခ်!ငါ့ကိုဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ?ငါ အဲဒီအပိုင်းကို ဆုံး​အောင်မဖတ်ရသေးဘူးလေ!........ဆုနိုသည် သူ တစ်စုံတစ်ရာကို ကြီးကြီးမားမား ဆုံးရှုံးလိုက်ရသလို ခံစားမိသဖြင့် သူ့အကောင့်တုထဲသို့ ၀င်လိုက်ပြီး ထိုအခန်းဆက်ဝတ္ထုအား ပြင်းပြင်းထန်ထန်မှတ်ချက်ပေးခါနီးမှာပဲ စာရေးသူသည် ကြေငြာချက်အသစ်တစ်ခုအား ထုတ်ပြန်လိုက်သည်ကို သူတွေ့လိုက်ရသည်။

<'ဤဝတ္ထုကို ရေးသားနေတဲ့စာရေးဆရာတွေအများကြီးရှိတာကြောင့် ပို့စ်တင်ရာမှာ တခါတလေစိတ်ရှုပ်စရာတွေဖြစ်လာနိုင်တာကို ခွင့်လွှတ်ပေးပါ။ဒီ H အပိုင်းကို ယာယီဖျက်ထားပါမည်။ယနေ့အပိုင်းကို မကြာမီပြန်တင်ပေးပါ့မယ်။မနက်ဖြန် update ရှိပါသည်'>

'မင်း ဘာလို့စာလုံးရေ တစ်ထောင်လောက်ထပ်မထည့်နိုင်ရတာလဲ?ခွေးသွေးအောက်တန်းကျဝတ္ထုကိုတစ်ထိုင်တည်း ထိုင်ဖတ်သင့်တာ အိုကေ! 

ဆုနိုသည် ထိုwebpageကို စိတ်မ၀င်စားတော့ဘဲ ပိတ်ချလိုက်ကာ ဝတ္ထုပါ အ​ကြောင်းအရာကို သူ့ဘာသာသူပြန်စဉ်းစားယူနေလိုက်သည်။

အဲဒီဝတ္ထုထဲက အဓိကဇာတ်ကောင်ရဲ့နာမည်က ငါနဲ့တူနေပေမဲ့ အဲဒီလူက မိန်းမလျာတစ်​ယောက်နဲ့ ပိုတူနေတယ်။သူက ရောင်းစားခံရတာကို ထွက်ပြေးဖို့တောင် မကြိုးစားခဲ့ဘဲ သခင်တစ်​ယောက်ရဲ့အိပ်ယာပေါ်ကို အခေါ်ခံလာရပြီး သူ့ဂန္ဓမာပန်းကိုတောင် အဆစ်​ပေးလိုက်ရသေးတယ်။ဒီဝတ္ထုကိုရေးတဲ့ စာရေးဆရာက တကယ့်ကိုရိုးသားဖြောင့်မတ်မှုမရှိဘူး!!

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now