2

703 6 0
                                    

" Lotus ဒီမှာကြည့် ~ Lotus အတွက်လက်ဆောင် ၊ ကြိုက်လား ။ သေချာတန်ဖိုးထားနော် "
အနက်ရောင်ကိုအနားစွန်းလေးတွေရွှေညိုရောင်ကွပ်ထားသော ခွေးလည်ပတ်လေး။ နာမည်ကပ်ပြားလေးတွင် 𝐋𝗼𝐭𝐮𝐬 ဟုလှပစွာရေးထားသည်။
Lotus ဘာမှတော့မပြော။ ဟေသဲ့ခြေဖျားထောက်နေရသဖြင့် ပတ်ပေးရလွယ်ကူရန်သာ ရှေ့ကိုတိုးကာခေါင်းငုံ့ပေးလိုက်သည်။

" ဒီကိုင်တယ့်ကြိုးရှည်ကဖြုတ်ထားလို့ရတယ်။ ဒါပေမယ့်အခုတော့ တပ်ထားလိုက်မယ်။ အခုမှဆိုတော့ နေသားမကျဖြစ်နေသေးမှာပေါ့။ Lotus ထိုင်"

ထိုင်ဆိုသည်နှင့် ရှေ့မှောက်၌ရိုကျိုးစွာ ဒူးထောက်ထိုင်လိုက်သည်။ တော်လိုက်တာခွေးလေးက။ လက်မှကိုင်ထားသည့် ကြိုးကိုဆွဲလိုက်တော့ မော့ကြည့်လာသော မျက်လုံးများမှာကြည်လဲ့နေသည်။ဟေသဲ့ ပြုံးမိသွားသည်မှာ မငြင်းနိုင်။ Lotus၏အုပ်ပွနေသော ဆံပင်များကိုဟေသဲ့ထိုးဖွပေးလိုက်ပြီး
"လာ Breakfast သွားစားမယ်လေ 𝙻𝚘𝚝𝚞𝚜♡"

လည်ပတ်လေးဝတ်လျက်နှင့် ဟေသဲ့မှာအရှေ့မှလျှောက်ကာကြိုးကိုကိုင်ထားသည်။ မသိရင် မနက်ခင်း doggy လေးနှင့်လမ်းလျှောက်ထွက်လာပုံပင်။
သူတို့နှစ်ဦးကိုတွေ့သည့် အိမ်မှအလုပ်သမားအစောင့်အချို့မှာ အခြေအနေကိုမသိရောင်သာပြုသွားကြသည်။

နီမိုက်နေသော စားပွဲရှည်ကြီးမှာ ကန့်လန့်ချထားသည်။ စားပွဲ၏မျက်နှာချင်းဆိုင်တွင် ပြတင်းပေါက်မှန်တံခါးကြီးရှိကာ ခြံတွင်းမှပန်းခြံကို လှမ်းကာမြင်နေရသည်။ အလုပ်သမားအချို့မှာ ပန်းပင်များကို ရေလောင်းပေါင်းသင်နေ၏။ အခန်းတွင်းမှာတော့ Breakfast အတွက်ပန်းကန်ပြင်ပေးနေသည့် အစေခံကောင်မလေးနှစ်ယောက်သုံးယောက်နှင့် တံခါးနားခုံတွင်ထိုင်ကာနေသော အစောင့်အချို့။
ဟေသဲ့ စားပွဲ၏အစွန်းနား၌ထိုင်လိုက်၏။ Lotus ကိုတော့ အရှေ့မျက်နှာချင်းဆိုင်၌ထိုင်ခိုင်းလိုက်သည်။ Lotus ဘာမှသိပ်မစား။ မနေ့ညကပင်ပန်းထားသဖြင့် နည်းနည်းဘဲဖြစ်ဖြစ်တော့စားသင့်တာကြောင့် နွားနို့ပူပူလေးကို အတင်းတိုက်ရသည်။ ကုန်အောင်တော့သောက်ရှာပါသည်။

ဟေသဲ့ tea လေးကိုစိမ်ခံကာခပ်ဖြေးဖြေးစိမ်ပြေနပြေသောက်နေရင်း ခြေထောက်မှာ Lotus ရဲ့ကောင်ငယ်ကိုသွားကာထိဆော့နေသေးသည်။ Lotus ဘာသံမှမထွက်ကာ ခေါင်းငုံ့သွားပြီး ကြိတ်သည်းခံနေပုံပါဘဲ။ အသဲယားစရာလေးပါ။
Lotusထကာရပ်လိုက်တော့ ဘာများဖြစ်လို့ပါလိမ့်ဟု ဟေသဲ့စိတ်ပူသွားမိသည်။ ဟေသဲ့အနားကိုလျှောက်လာကာ နားနားတီးတိုးလာပြောသည်။

As U Wish, SirWhere stories live. Discover now