3

486 7 0
                                    

ဧည့်ခန်းကျယ်ကြီးအတွင်း။ စိန်စီထားသော မီးစွဲ၏မျက်နှာစာအောက်တွင် ထိုင်နေကြသည်။ တစ်ယောက်ရှေ့တစ်ယောက် မျက်နှာချင်းဆိုင်ကာ ထိုင်နေသော မောင်နှမနှစ်ယောက်။ Lotus မှာဟေသဲ့ဘေး၌ကုပ်ကုပ်လေးထိုင်နေ၏။ အစောင့်ကောင်မလေးသေသပ်စွာ လာချပေးသော tea ကိုတေ့ရုံမျှ ဖြေးဆေးစွာ သောက်နေသော မေနွယ်။ ရိုးရိုးလေးသာ ပန်းဆီရောင်ဂါဝန်လေးဝတ်ထားကာ အသားဖြူဖြူလေးနှင့် အတော်ပင် ပရန်သင့်နေတော့၏။ မပေါ့တပေါမိတ်ကပ်လေးမှာ ခပ်ပါးပါး။ ရွှေအိုရောင်ဆံပင်ဂုတ်ဝဲလေးမှာ ပုခုံးထက်ဝေ့စင်းနေသည်။
လှပမှုများနှင့် မေနွယ်ကိုတည်ကြည်သူတစ်ယောက်လို့ ထင်ရင်တော့ မှားသွားပါလိမ့်မည်။

"အားးးစ် ကြည့်စမ်း ကြည့်စမ်း ငါ့ကိုကျတော့မပြောပဲ ဝယ်လိုက်တယ်။ သဲ့သဲ့ရာ လျှိုချက်။ နင်အရွေးတော့တော်သားပဲ အဆင်လေး ဟက်ဟက်"

မေနွယ်သည် အရာအားလုံးပြည့်စုံကာ ကောင်လေးတွေ ဝိုင်းဝိုင်းလယ်နေသူတစ်ယောက်။ လူတိုင်းမှာ လျှို့ဝှက်ချက်တစ်ခုစီတော့ ရှိသည့်အတိုင်း မေနွယ်မှာလဲရှိပါသည်။ ရင်းနှီးသူတစ်ချို့တစ်ဝက်လောက်သာသိကြ၏။ အားသာချက်လား အားနည်းချက်လားတော့ မသိ။ မေနွယ်သည် Fujoshi တစ်ယောက်ဖြစ်သည်။ အစစ်မဘဝကို အပြီးတိုင်စွန့်လွှတ်ခဲ့ပြီး ဖြစ်သည်။ ဟေသဲ့ကိုလဲ bl ကားတွေကြည့်ခိုင်းကာ တိုက်တွန်းလေသည်။ သူ့မောင်ကို လင်သာယူရန် , မိန်းမတွေမကောင်းကြောင်း တစ်ဖွဖွပြော၏။
သူ့ကိုယ်သူကျ မိန်းမမဟုတ်ဘူးတဲ့။ ကောင်လေးတွေကြားထဲက ပိတ်ဆို့နေတယ့် ချစ်ခြင်းတွေကို ကယ်တင်ပေးနေတယ့် မြှားနတ်မယ်ဆိုဘဲ။ ဟေသဲ့ gay သွားတာလဲ သူ့ပယောဂမကင်း။

" ပြောပါဦး ဘယ်သူ top လဲ။ အိုမို မေးစရာမလိုတော့ဘူး ထင်ပါတယ် ခစ်ခစ်"

" မလိုလဲ မမေးနဲ့"

"တစ်ခုခုလုပ်ပြပါလား ဥပမာ နမ်းပြကြပါလား ဟီး"

"ဘာတွေလျှောက်ခိုင်းနေတာလဲ နှာဘူးမရီး"

ဟေသဲ့မျက်နှာပူရှိန်းတက်လာ၏။ Lotus ဘာမှာတော့ပုံမှန်အတိုင်း ။ အသက်မှရှိသေးရဲ့လားမသိ , ကျောက်ရုပ်တစ်ရုပ်လို ငြိမ်နေသည်။ မေနွယ်ခြေထောက်ပြောင်းချိတ်ထိုင်ကာ နဖူးပေါ်လက်တင်ရင်း
" သဲ့သဲ့ကိုမြင်ချင်လွန်းလို့ ခရီးကအရောက်ချက်ချင်းလာခဲ့တာကို ဒါလေးလုပ်ခိုင်းတာတောင် မလုပ်ပေးဘူး အမောကိုဆို့သွားတာပဲ ဟွန့်"

As U Wish, SirWhere stories live. Discover now