5

371 6 0
                                    

           Shopping ထွက်ဦးမယ်ဟုဆိုပြီး Lotus ကိုသာခေါ်ကာ နှစ်ယောက်ထဲထွက်လာခဲ့သည်။ အနောက်တိုင်း suit အရောင်းဆိုင်ကိုတွေ့တာနှင့် ဟေသဲ့လျှင်မြန်စွာ ဝင်သွားလိုက်သည်။ အတော်ကြာသည့်တိုင် ရွေးလို့မပြီးနိုင်။

"Lotus . u အတွက်ဝယ်ပေးမလို့ကို နည်းနည်းပါးပါးတော့ လာရွေးဦးလေ "

ဆိုင်အရှေ့နားတွင်သာ ရပ်နေသော Lotus ကိုလက်ဆွဲပြီးအနားခေါ်လာရသည်။ ဟေသဲ့ရဲ့ ဝတ်ပုံစားပုံ အမူအရာကြောင့် အရောင်းဝန်ထမ်းမလေးမှာ တမူထူးခြားနေသည့် အဝတ်အစားအကန့်ရှိသည့်နေရာသို့ လိုက်ပြလေသည်။ ထိုနေရာမှ အဝတ်အစားများမှာ နှစ်ဆပိုစျေးကြီးလေ၏။ အရောင်းဝန်ထမ်းလေးမှာ အကုန်လုံးဝယ်စေချင်သလို အားရပါးရဖောက်သည်ချပေးနေသည်။ ဟေသဲ့မျက်နှာမပျက်နေရင်း Lotus ကိုလက်တို့ကာတီးတိုးပြော၏။

"ဒီနားကနေဟိုးအထိအကုန်ဝယ်မယ်၊ အဲ့လိုပြောမယ်လို့ထင်နေလားမသိဘူး u တစ်ယောက်ထဲအတွက်ပဲ ဝယ်တယ့်ဟာကို ။ ဟွန့် ။ ပိုက်ဆံကိုအလကားရတယ်များထင်နေလားမသိဘူး။"

    တကယ်တော့ ဟေသဲ့တမင်ကပ်စေးနဲ နေတာဖြစ်သည်။ မလိုအပ်တယ့် ပေါက်စနိပေါက်စတွေတော့ လျှောက်ဝယ်ပစ်တတ်တာ Lotus အသိဆုံး။
နောက်ဆုံးတော့လဲ အားရပါးရဝယ်ဖြစ်ခဲ့သည်။

ကော်ဖီဆိုင်လေးထဲ ဝင်လာခဲ့ကြသည်။ သင်းမြသောကော်ဖီနံ့လေးများမှာ ဖြူးနေသည်။ လှပသော ပန်းချီကားများချိတ်ဆွဲအလှဆင်ထား၏။ ထောင့်နားမှ ခုံတွင်မျက်နှာချင်းဆိုင်ထိုင်နေကြသည်။ ဟေသဲ့မှာ Iced chocolate ကိုအပေါ်မှ whipping cream အပြည့်နှင့်။ Lotus ကတော့ ရိုးရိုး milk tea သာမှာ၏။ ဟေသဲ့ ငွေရောင်ဇွန်းအလှသေးသေးလေးနှင့် cream ကိုခပ်ပြီး

"Lotus ,ဒါနည်းနည်းစားမလား"

မတ်တပ်ရပ်လိုက်ပြီးစားပွဲပေါ်လက်တင်ကာ ဟေသဲ့ရှေ့မှ cream လေးကိုစားလိုက်ပြီး ပြန်ထိုင်လိုက်သည်။ လက်ထဲမှ cream လေးကိုလာစားသော Lotus သည် milkလျက်သောက်နေသော ကြောင်လေးနှင့်တူ၏။ နှုတ်ခမ်းတွင်ပေသွားသော cream များကိုသုတ်လိုက်ချိန်လေးသည် ကြည့်ကောင်းလွန်းလှ၏။ အကြာင်းမဲ့စွာ Lotus အနားတိုးကာ စားလိုက်ချိန် ဟေသဲ့ မျက်နှာရဲသွားမိသည်။ ရင်ထဲမှ တဒုန်းဒုန်းအသံကို ဘယ်သူမှမကြားရပေစေနှင့်။

As U Wish, SirWhere stories live. Discover now