[9]

5.4K 1K 33
                                    

[Unicode]

အခန်း(၉):ပူ​ပေါင်းဓါတ်ပုံရိုက်ကူးရေးနှင့် တို့ဟူးအကင်​ချောင်း

ဆုနိုအတွက်တော့ အစည်းအဝေးပွဲများသည်
ကမ္ဘာပေါ်တွင် တွေ့ကြုံရတဲ့ အဆိုးရွားဆုံးအခက်အခဲများပင်။ယခုလိုကဲ့သို့သောပတ်ဝန်းကျင်မျိုးတွင် အဆာပြေမုန့်လည်းမစားနိုင်၊ စကားလည်းမပြောရဘဲ ကြော့ရှင်းပြီး အထက်တန်းကျကျဖြင့် ကိုယ်ဟန်အနေအထားကိုတောင် ထိန်းထိန်းသိမ်းသိမ်းထိုင်ပေးနေရသည်။
သေလိုက်ဖို့သာ ဆု​တောင်းပြီးမျှော်လင့်လိုက်မိသည်။

ပိုလို့ ပိုဆိုးလာစေတာကတော့ အစည်းအဝေးရဲ့ခေါင်းစဉ်က ချိုးကျီယန်ကို ကြိုဆိုသည့်အ​​ကြောင်းပင်။

ဘယ်သူက ဒင်းကို ကြိုဆိုချင်​နေလို့လဲ?ငါက​တော့ လုံးဝ မကြိုဆိုဘူးကွ!!

မော်ဒယ်ဆုသည် နှလုံးသားထဲက​နေ ဟိန်း​ဟောက်​လိုက်၏။ 'မာဆယ်​ကောင်​တွေက မုန်းစရာအ​ကောင်းဆုံးကောင်​တွေပဲ!!'

တစ်နာရီလောက်ကြာတဲ့အထိ စင်ပေါ်ကလူကား သူ အာရုံလွဲလိုက်ရတဲ့အထိ ပြောနေတုန်းပင်။

ဆုနိုရဲ့မျက်လုံးများသည် အ​ဝေးကို လှမ်း​မျှော်ကြည့်​​နေပြီး စိတ်က​တော့ အတွေးထဲတွင် နစ်​မျောလို့သွား၏။၀က်သားနီနှပ်ပဲ စားသင့်သလား ဒါမှမဟုတ် croquettes ပဲစားရင်​ကောင်းမလားဟု အလေးအနက်ထားစဉ်းစားနေ၏။

'Teppanyakiဆိုတဲ့ နာမည်လေးကလည်း  အသံကြားတာနဲ့တင် စားလို့ကောင်းမယ့်ပုံပဲ!!'

"နိုနို ဒီအဆိုပြုချက်ကို မင်းဘယ်လိုထင်လဲ?" bossက ရုတ်တရက် မေးလိုက်သည်။မော်ဒယ်ဆုကလည်း ပြင်းပြင်းထန်ထန်စဉ်းစားရင်း သူရဲ့မေးစေ့ကို
ပွတ်နေသည်။

'ဝက်သားနီနှပ်ကို ပဲနီနဲ့ပဲ တွဲစားရင်ကောင်းမလား (ဒါမှမဟုတ်) ရေညှိနဲ့ပဲ တွဲစားရင် ပိုကောင်းမလား  အိုက်ယား...ဒါ တကယ်ကို ချရခက်တဲ့ဆုံးဖြတ်ချက်ပဲ!!'

ဒိုင်အန်းသည် သူ့အမူအရာကိုကြည့်လိုက်တာနဲ့ ဆုနိုတစ်​ယောက် ဘာ​တွေတွေး​နေသလဲဆိုတာကို ချက်ချင်းပင် သိလိုက်ရပြီ။ "နိုနို" လို့​ခေါ်ပြီး လှမ်းပုတ်လိုက်ရမလား​တောင် မသိ​တော့​ပေ!

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now